လူငယ်တစ်ယောက်ရဲ့ ဖက်ရှင်ဟာ ပေါ့ပါးနေရပါမယ်။ Casual စတိုင်အတိုင်း ထသွားလာသွား ဝတ်မယ်ဆိုရင်လည်း ဖက်ရှင်ကျနေဖို့လိုပါတယ်။ အထူးသဖြင့် Street Style ဝတ်မယ်ဆိုရင် ဒီအချက်တွေသိထားသင့်ပါတယ်။

(၁) ကာလာရိုးပါစေ

Source: iStock

Monochrome ရောင်တွေကိုအရင်ဆုံး စဉ်းစားပါ။ အဖြူအမည်းဟာ ကာလာတွေထဲမှာ အခြေခံအကျဆုံးနဲ့ဆရာအကျဆုံးအရောင်တွေပါ။ အဝတ်အစားမှာလည်း အဖြူနဲ့အနက် ရောင်တွေဟာ တကယ်စားပါတယ။် တီရှပ်ဖြူ အောက်က ဂျင်း ၊ ဒါမှမဟုတ် ဘောင်းဘီအနက် နဲ့Sneaker အဖြူမျိုး ဝတ်ကြည့်သင့်ပါတယ်။နောက်တစ်ခုက ကာလာအစပ်တွေမှာ အခုလို Basic Color တွေလိုပဲ တစ်ခြား အခြေခံကျတဲ့ ဗြောင်ကာလာတွေကို စဉ်းစားသင့်ပါတယ်။

(၂) ရှင်းရှင်းလေး ဖြစ်ပါစေ

Source: brainpowerlearning

Minimalism ဟာဒီဘက်ခေတ်မှာ အရေးပါလာပါပြီး  ရိုးရှင်းတဲ့ အရာတွေဟာ အမြဲတမ်း ဆန်းသစ်နေတတ်ပါတယ်။ တကယ်လို့ကိုယ့်တီရှပ်မှာ တစ်ခုခုပါမှ ကြိုက်တယ်ဆိုရင်လည်း စာလုံးရှင်းရှင်းနဲ့အမြင်ရှင်းမယ့် ဒီဇိုင်းကိုစဉ်းစားသင့်ပါတယ်။

(၃) သက်တောင့်သက်သာ ရှိပါစေ

Source: ShutterStocks

Street Style ရဲ့ တကယ့်အနှစ်သာရက ဝတ်လိုက်ရင် သက်တောင့်သက်သာ ဖြစ်နေဖို့ပါပဲ။ ဖိနပ်ပဲ စီးစီး ၊ ဘောင်းဘီပဲဝတ်ဝတ် ကိုယ်ဝတ်ဆင်ထားတဲ့ အရာဟာ တင်းနေကျပ်နေ ထောင့်နေတာမျိုး မဖြစ်သင့်ပါဘူး။

(၄) Sneaker ပါပါစေ

Source: indianexpress

အပြင်ထွက်မယ်ဆိုရင် Shoes လေးနဲ့မှ ပိုမိုက်ပါတယ်။ ဘောင်းဘီဝတ်ပြီး Slipper နဲ့သွားနေရင် ဖက်ရှင်ယိုင်ပါတယ်။ Sneaker လေးစီးတာဟာ ရိုးရှင်းသွားပြီး ကွဲပြားစေပါတယ်။

(၅) ဆံပင်ပုံစံ မှန်ပါစေ

Source: Freepik

Street Style နဲ့အပြင်ထွက်လည်မယ်ဆိုရင် ဆံပင်ပုံစံဟာ ပိပြားသပ်ရပ်နေစရာတော့ မလိုပါဘူး။ ဒီလိုပဲ အချွန်အတက်တွေနဲ့မျက်စိဆင်းရဲလောက်အောင်လည်း လုပ်စရာမလိုပါဘူး။ ပေါ့ပါးပြီး ကိုယ့်မျက်နှာနဲ့အံဝင်တဲ့ ဆံပင်ပုံစံ ညှပ်ထားရင်ကိုပဲ နည်းနည်းလောက် သပြီး အပြင်ထွက်လည်လို့ကောင်းပါပြီ။