[Zawgyi]

တနဂၤေႏြညမွာယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္(၆)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ့ ဝက္စ္ဟမ္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ ပြဲစဥ္မွာေတာ့ ဝက္စ္ဟမ္းအသင္းက ယူႏိုက္တက္အသင္းကို အိမ္ကြင္းမွာ (၂-ဝ) ဂိုးရလဒ္ျဖင့္ အႏိုင္ရရွိသြားခဲ့ပါတယ္။ယူႏိုက္တင္အသင္းအေနနဲ႔ အဆိုပါပြဲစဥ္မွာ မက္ဂြိဳင္းယား ၊ ပါရဲရား ၊ တြမ္မီေနး ၊ မာတာ ၊ ရပ္ရွ္ဖို႔ဒ္ မာတစ္ စတဲ့ကစားသမားေကာင္းေတြနဲ႔ ပြဲထြက္လာခဲ့ၿပီး အေဝးကြင္းပြဲစဥ္မွာအႏိုင္ရရွိဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ပါတယ္။ ခံစစ္အားေကာင္းေကာင္းနဲ႔ ရလဒ္ေကာင္းေတြပိုင္ဆိုင္ေနတဲ့ ဝက္စ္ဟမ္းကလည္း ယာမိုလန္ ၊ အန္ဒါဆန္ ၊ ႐ိုက္ ၊ ခရက္စ္ဝဲလ္ ၊ ႏိုဘယ္လ္ ၊ ေဖာ္နယ္စ္ စတဲ့ကစားသမားေကာင္းေတြနဲ႔ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

Source : Evening Standard

ပထမပိုင္းပြဲကစားခ်ိန္စတင္ခ်ိန္မွာေတာ့ အိမ္ရွင္ဝက္စ္ဟမ္းက ေဘာလုံးပိုင္ဆိုင္မႈပိုရရွိခဲ့ေပမယ့္ ထိေရာက္တဲ့ဖိအားေပးမႈေတြျပဳလုပ္ႏိုင္ျခင္းမရွိခဲ့သလို ယူႏိုက္တက္အသင္း ရဲ႕တန္ျပန္တိုက္စစ္မွာလည္း အမွားအယြင္းေတြမ်ားစြာရွိေနခဲ့တာေၾကာင့္ ပြဲကစားခ်ိန္ပထမပိုင္းကေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ မေကာင္းခဲ့ပါဘူး။ဒီလိုနဲ႔ ပထမပိုင္းပြဲကစားခ်ိန္ (၄၅) ၿပီးဆုံးခါနီး ကစားခ်ိန္ (၄၄) မိနစ္မွာေတာ့ အိမ္ရွင္အသင္းကစားသမား အန္ဒါဆန္ရဲ႕ ဖန္တီးမႈကေနတစ္ဆင့္ ယာမိုလန္အေသသတ္ဆုံးကန္သြင္းယူခဲ့တာေၾကာင့္ ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဦးေဆာင္ဂိုးစတင္ရရွိသြားခဲ့ပါတယ္။ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္မွာလည္း ယူႏိုက္တက္အသင္းအေနနဲ႔ ေခ်ပဂိုးျပန္လည္သြင္းယူမယ့္ အေျခအေနမ်ိဳးျမင္ေတြ႕ခဲ့ျခင္းမရွိဘဲ ကစားကြက္ေတြက ယူႏိုက္တက္ပရိသတ္ေတြအတြက္ ေတာ္ေတာ္ေလးကို အားမလိုအားမရျဖစ္ခဲ့ရပါတယ္။

Source : Evening Standard

ဒီလိုနဲ႔ ပြဲကစားခ်ိန္(၆၁)မိနစ္မွာပဲ ယူႏိုက္တက္အသင္းရဲ႕အဓိကတိုက္စစ္မႉး ရပ္ရွ္ဖို႔ဒ္ ဒဏ္ရာရရွိသြားခဲ့ၿပီး ပြဲမွထြက္ခြာခဲ့ရတာေၾကာင့္ အသင္းရဲ႕ တိုက္စစ္မွာပိုၿပီးလိုအပ္ခ်က္ေတြျဖစ္လာခဲ့ပါတယ္။ဒုတိယပိုင္းပြဲကစားခ်ိန္ၾကာလာတာနဲ႔ အမွ်ယူႏိုက္တက္အသင္းအေနနဲ႔ ေခ်ပဂိုးေတြ အႏိုင္ဂိုးေတြကို သြင္းယူႏိုင္ျခင္းမရွိေတာ့ပဲ အိမ္ရွင္ဝက္စ္ဟမ္းအသင္းကပဲ ပြဲကိုမိုပိုဦးေဆာင္ကစားလာခဲ့ကာ ပြဲခ်ိန္(၈၄)မိနစ္အေရာက္မွာေတာ့ ဝက္စ္ဟမ္းအသင္း ေနာက္ခံကစားသမား ခရက္စ္ဝဲလ္ရဲ႕ လွပတဲ့ကန္ခ်က္ကေနတစ္ဆင့္ ဒုတိယေျမာက္အႏိုင္ဂိုးကိုဆက္လက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္က်န္မိနစ္ေတြကို အိမ္ရွင္အသင္းကပဲ ဆက္လက္ထိန္းကစားခဲ့တာေၾကာင့္ ယူႏိုက္တက္အသင္းအရံႈးနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အေဝးကြင္းမွာႏိုင္ပြဲေပ်ာက္ခဲ့ျပန္ပါတယ္။

Source : Evening Standard

[Unicode]

တနင်္ဂနွေညမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းအသင်းက ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ (၂-ဝ) ဂိုးရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။ယူနိုက်တင်အသင်းအနေနဲ့ အဆိုပါပွဲစဉ်မှာ မက်ဂွိုင်းယား ၊ ပါရဲရား ၊ တွမ်မီနေး ၊ မာတာ ၊ ရပ်ရှ်ဖို့ဒ် မာတစ် စတဲ့ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး အဝေးကွင်းပွဲစဉ်မှာအနိုင်ရရှိဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ခံစစ်အားကောင်းကောင်းနဲ့ ရလဒ်ကောင်းတွေပိုင်ဆိုင်နေတဲ့ ဝက်စ်ဟမ်းကလည်း ယာမိုလန် ၊ အန်ဒါဆန် ၊ ရိုက် ၊ ခရက်စ်ဝဲလ် ၊ နိုဘယ်လ် ၊ ဖော်နယ်စ် စတဲ့ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

Source : Evening Standard

ပထမပိုင်းပွဲကစားချိန်စတင်ချိန်မှာတော့ အိမ်ရှင်ဝက်စ်ဟမ်းက ဘောလုံးပိုင်ဆိုင်မှုပိုရရှိခဲ့ပေမယ့် ထိရောက်တဲ့ဖိအားပေးမှုတွေပြုလုပ်နိုင်ခြင်းမရှိခဲ့သလို ယူနိုက်တက်အသင်း ရဲ့တန်ပြန်တိုက်စစ်မှာလည်း အမှားအယွင်းတွေများစွာရှိနေခဲ့တာကြောင့် ပွဲကစားချိန်ပထမပိုင်းကတော်တော်လေး စိတ်ဝင်စားဖို့ မကောင်းခဲ့ပါဘူး။ဒီလိုနဲ့ ပထမပိုင်းပွဲကစားချိန် (၄၅) ပြီးဆုံးခါနီး ကစားချိန် (၄၄) မိနစ်မှာတော့ အိမ်ရှင်အသင်းကစားသမား အန်ဒါဆန်ရဲ့ ဖန်တီးမှုကနေတစ်ဆင့် ယာမိုလန်အသေသတ်ဆုံးကန်သွင်းယူခဲ့တာကြောင့် ဝက်စ်ဟမ်းအသင်းအနေနဲ့ ဦးဆောင်ဂိုးစတင်ရရှိသွားခဲ့ပါတယ်။ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ယူနိုက်တက်အသင်းအနေနဲ့ ချေပဂိုးပြန်လည်သွင်းယူမယ့် အခြေအနေမျိုးမြင်တွေ့ခဲ့ခြင်းမရှိဘဲ ကစားကွက်တွေက ယူနိုက်တက်ပရိသတ်တွေအတွက် တော်တော်လေးကို အားမလိုအားမရဖြစ်ခဲ့ရပါတယ်။

Source : Evening Standard

ဒီလိုနဲ့ ပွဲကစားချိန်(၆၁)မိနစ်မှာပဲ ယူနိုက်တက်အသင်းရဲ့အဓိကတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ဒဏ်ရာရရှိသွားခဲ့ပြီး ပွဲမှထွက်ခွာခဲ့ရတာကြောင့် အသင်းရဲ့ တိုက်စစ်မှာပိုပြီးလိုအပ်ချက်တွေဖြစ်လာခဲ့ပါတယ်။ဒုတိယပိုင်းပွဲကစားချိန်ကြာလာတာနဲ့ အမျှယူနိုက်တက်အသင်းအနေနဲ့ ချေပဂိုးတွေ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခြင်းမရှိတော့ပဲ အိမ်ရှင်ဝက်စ်ဟမ်းအသင်းကပဲ ပွဲကိုမိုပိုဦးဆောင်ကစားလာခဲ့ကာ ပွဲချိန်(၈၄)မိနစ်အရောက်မှာတော့ ဝက်စ်ဟမ်းအသင်း နောက်ခံကစားသမား ခရက်စ်ဝဲလ်ရဲ့ လှပတဲ့ကန်ချက်ကနေတစ်ဆင့် ဒုတိယမြောက်အနိုင်ဂိုးကိုဆက်လက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေကို အိမ်ရှင်အသင်းကပဲ ဆက်လက်ထိန်းကစားခဲ့တာကြောင့် ယူနိုက်တက်အသင်းအရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး အဝေးကွင်းမှာနိုင်ပွဲပျောက်ခဲ့ပြန်ပါတယ်။

Source : Evening Standard