လက်မောင်းကအဆီတွေကို ကျစေတဲ့အားကစားတွေက ဘာတွေဖြစ်မလဲ။ လက်မောင်းအဆီလည်းကျချင်တယ်။ ဒါပေမယ့် သပ်သပ်ကြီးလည်း လေ့ကျင့်ခန်းလည်း မလုပ်လိုတဲ့ ကွီးတွေအတွက် လက်မောင်းက အဆီတွေကိုချပေးနိုင်တဲ့ အားကစားတချို့ကို ပြောပြပေးချင်ပါတယ်။
ရေကူးခြင်း
Source: www.olympicchannel.com
ရေကူးတာကို အထူးကြိုက်နှစ်သက်ကြတဲ့ ကွီးတွေအတွက်တော့ သတင်းကောင်းပါပဲ။ ကိုယ်နှစ်ခြိုက်တဲ့ အားကစားကိုလည်း လုပ်ရသလို လက်မောင်းက အဆီတွေကိုလည်း ကျစေတဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားပါပြီ။ ဒါ့ပြင် ရေကူးတာက သွေးလည်ပတ်မှုအားကောင်းစေပြီး ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းသွားစေပါတယ်။
ဘော်လီဘော ကစားခြင်း
Source: www.sandvolley.it
ဒီကစားနည်းကလည်း ကွီးတို့အဖို့ ငယ်ငယ်လေးကတည်းက နှစ်ခြိုက်လာတဲ့ အားကစားနည်းလို့တောင် ပြောလို့ရပါတယ်။ ဘော်လီဘောပုတ်ရတာကို မကြိုက်တဲ့ ယောကျာ်းလေးဆိုတာ မရှိသလောက် ရှားပါတယ်။ ဒီတော့ စိတ်ကိုလည်း ပျော်ရွှင်စေသလို လက်မောင်းက အဆီတွေကိုလည်းချပေးတဲ့ ဘောလီဘောကစားတာကိုလည်း ကိုယ့်ရဲ့အားလပ်ချိန်လေးတွေမှာ ကစားပေးကြစေချင်ပါတယ်။
တောင်တက်ခြင်း
Source: www.theuiaa.org
မြန်မာနိုင်ငံမှာတော့ တောင်တက်တာကို ခရီးသွားတာနဲ့ တောင်တက်အဖွဲ့တွေကပဲ ပြုလုပ်တတ်ကြတာကို တွေ့ရပါတယ်။ ထူးထူးခြားခြားပါပဲ။ တောင်တက်တာကလည်း လက်မောင်းက အဆီတွေကို ချပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
ကြိုးခုန်
Source: www.athleticperformancetc.wordpress.com
ယောက်ျားလေးတွေ ကြိုးခုန်ကြတာ နည်းနည်းတော့ ရှားပေမယ့်လည်း ကြိုးခုန်တာက လက်မောင်းက အဆီတွေကို ကျစေပါတယ်။ တကယ်တော့ လက်မောင်းက အဆီတွေသာမက တကိုယ်လုံးမှာရှိတဲ့ အဆီတွေကိုပါ ကျနိုင်စွမ်းရှိတာကြောင့် အဆီကျလိုသူတွေအတွက် ခုန်ကြိုးလေးတစ်ချောင်းတော့ ဝယ်ထားသင့်တယ်နော်။