ဘ၀မှာ အရေးအကြီးဆုံးနေ့ရက်တွေ အများကြီးရှိပါတယ်။ အဲ့ထဲကမှ ချစ်သူနဲ့ပတ်သတ်တဲ့ နှစ်ပတ်လည်နေ့တစ်နေ့လည်း အပါအ၀င်ဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အချစ်နှစ်ပတ်လည်နေ့တစ်နေ့အတွက် ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါသလဲ။

မမေ့သင့်ပါဘူး

Source: citriconsultores.com

တချို့အမျိုးသားများက အလုပ်တွေဖိစီးလွန်းတဲ့အတွက် ချစ်သူနဲ့နှစ်ပတ်လည်နေ့ကို မေ့လျော့နေတတ်ပါတယ်။ ဒါဟာဘယ်လိုမှမဖြစ်သင့်ပါဘူး။ ဒီလိုမေ့လျော့ခြင်းဟာ ချစ်သူမိန်းကလေးကိုစိတ်မကောင်းဖြစ်စေပြီး ချစ်ခရီးလမ်းအတွက်လည်း ဆူးငြောင့်ခလုတ်တစ်ခုဖြစ်တတ်ပါတယ်။

ဘယ်လိုလက်ဆောင်မျိုးပေးမလဲ

Source: Hosteleria Salamanca

ရိုမန်တစ်ဆန်တဲ့ လက်ဆောင်မျိုးလေးတွေကို သေချာစဉ်းစားပြီးပေးသင့်ပါတယ်။ ပန်းစည်းလိုလက်ဆောင်မျိုးလည်း မပါမဖြစ်လိုအပ်ပါတယ်။ ချစ်သူအံ့သြသွားမယ့် လက်ဆောင်မျိုးကိုရွေးချယ်ပြီး အမှတ်တရနေ့ကိုဖြတ်သန်းလိုက်ပါ။

အထိမ်းအမှတ်ပွဲလေးတစ်ခု

Source: Salones Artemio

ပျော်ရွှင်စရာအထိမ်းအမှတ်ပွဲလေးတစ်ခုကို အချစ်နှစ်ပတ်လည်နေ့မှာ ကျင်းပပေးသင့်ပါတယ်။ စတင်ဆုံစည်းခဲ့တဲ့နေ့ရက်တွေအကြောင်း၊ အမှတ်တရအဖြစ်အပျက်တွေအကြောင်းကို ပြန်ပြောင်းပြောကြရင်း နှစ်ယောက်တည်းနှစ်ပတ်လည်နေ့ကို ဖြတ်သန်းဖို့အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲလေးတစ်ခုကို အတူတကွဆင်နွဲလိုက်ပါ။