ဇက်ကြောတွေ ဘာကြောင့်တက်နေမှန်းမသိဘဲ ညောင်းညာကိုက်ခဲနေပါသလား။ နေ့နေ့ညည ဘာကြောင့်မှန်းစဉ်းစားမရဘဲ ဇက်ကြောတွေ အရမ်းတက်နေတယ်ဆိုရင်တော့ အခုပြောပြပေးမယ့် အချက်ကလေးတွေနဲ့ ကိုက်ညီမညီ ကြည့်လိုက်ကြရအောင်။

တစ်ဖက်တည်းကိုပဲ စောင်းအိပ်ခြင်း

Source:.jbsa.mil

ဘာ့ကြောင့်မှန်းမသိ မိုးလင်းတာနဲ့ ဇက်ကြောတွေ တအားတက်နေတယ်ဆိုတာ ကိုယ့်ရဲ့ အိပ်စက်မှုပုံစံနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ညဖက်အိပ်စက်ချိန်မှာ တစ်ဖက်တည်းကိုပဲဖိပြီး စောင်းအိပ်တာကြောင့် ဇက်ကြောတွေတက်နေရတာပါ။ ဒီတော့ အိပ်စက်ချိန်မှာ သတိထားပြီး တစ်ဘက်တည်းကိုပဲ စောင်းပြီးအိပ်တာမျိုးရှောင်ပါ။

ဖုန်းပြောတဲ့အကျင့်

Source: gizmodo.com

ဇက်ကြောတွေတက်နေရတာဟာ ဖုန်းပြောတဲ့အကျင့်နဲ့လည်း သက်ဆိုင်ပါတယ်။ ဖုန်းပြောတဲ့အခါမှာ ပခုံးနဲ့နားရွက်ကို ညှပ်ညှပ်ပြီးပြောတတ်တဲ့ အကျင့်ကြောင့် ဇက်ကြောတွေတက်ရတာပါ။ ဒါ့ကြောင့် ကိုယ်က ဒီလိုဖုန်းပြောတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် အဲဒီအကျင့်လေးကို အမြန်ဆုံးဖျောက်လိုက်ကြပါ။

ခေါင်းအုံးကြောင့်

Source: dreams.co.uk

နောက်ဆုံးတစ်ခုကတော့ ခေါင်းအုံးကြောင့်ပါ။ များသောအားဖြင့် လူတွေဇက်ကြောတက်ကြတာ ခေါင်းအုံးကြောင့် ဖြစ်ကြတာများပါတယ်။ ညစဉ်အိပ်စက်နေရတဲ့ ခေါင်းအုံးတွေက ကြီးလွန်းတာတွေ၊ မြင့်လွန်းတာကြောင့်လည်း ဇက်ကြောတက်တာတွေ ခံစားရစေပါတယ်။