လူတိုင်းမှာ အနာဂတ်အိမ်မက်စိတ်ကူးတွေ ရှိကြပါတယ်။ တချို့ကအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြပေမယ့် တချို့ကတော့ အိမ်မက်တွေဆီသွားရင်း လမ်းတ၀က်မှာပဲ ခြေကုန်လက်ပမ်းကြပြီး အရှုံးတွေနဲ့ရင်ဆိုင်တတ်ကြရပါတယ်။
အသုံးနဲ့အဖြုန်းခွဲခြားတတ်ပါစေ
Source: Small Business Trends
ငွေကြေးကတန်ဖိုးကြီးသလို ငွေရဖို့ရှာဖွေရုန်းကန်ရတာလည်း ခက်ခဲပင်ပန်းလှပါတယ်။ ဒီလိုပင်ပင်ပန်းပန်း ရှာဖွေထားရတဲ့ငွေတွေကိုသုံးစွဲတဲ့နေရာမှာ စနစ်တကျခွဲခြမ်းစိတ်ဖြာပြီး သုံးစွဲတတ်ဖို့လိုအပ်ပါတယ်။ အမှန်တကယ်လိုအပ်တဲ့နေရာမှာသုံးပြီး မလိုအပ်တဲ့နေရာတွေမှာ မဖြုန်းတီးမိဖို့ အရေးကြီးပါတယ်။
စုဆောင်းတတ်အောင်လေ့ကျင့်ပါ
Source: 15min.lt
ရှာဖွေရရှိလာတဲ့ငွေကြေးကို စုဆောင်းတတ်အောင် လေ့ကျင့်ထားဖို့လိုအပ်ပါတယ်။ ငွေကြေးကနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ တစိတ်တပိုင်းကို စုဆောင်းဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။
ရင်းနှီးမြှပ်နှံဖို့ကြိုးစားပါ
Source: The Balance
ငွေပမာဏအလုံးအရင်းနဲ့ အသုံးမပြုနိုင်ရင်လည်း စိတ်ညစ်စရာမလိုပါဘူး။ မိမိမှာစုဆောင်းရမိသလောက် ငွေကိုစတင်ရင်းနှီးမြှပ်နှံဖို့ ကြိုးစားလိုက်ပါ။ ရှိသလောက်ငွေကြေးလေးနဲ့ စတင်ရင်းအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာသူတွေ အများကြီးပါ။ အဓိကက သေချာတဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုကို အမြန်ဆုံးစတင်လိုက်ဖို့ပါပဲ။