တေးဂီတကိုရှုးသွပ်တဲ့သူအနေနဲ့ ကိုယ်ကြိုက်တဲ့ အဆိုတော်ကို Stalk လုပ်တာသဘာဝပါ။ သီချင်းအသစ်ကဘာတွေထွက်လဲ ဘယ် Tour တွေလှည့်လယ်ဖျော်နေသလဲ အပြင်တချို့ဆို Personal ကိစ္စတွေအထိပါ စိတ်ဝင်စားတတ်ကြပါတယ်။ နောက်ပြီး ကိုယ်ကြိုက်တဲ့ Music အမျိုးအစားနဲ့ပတ်သက်ပြီး ခေတ်စားလာတဲ့ အဆိုတော်အသစ်သစ်တွေကို Internet မှာလိုက်ရှာအားပေးပြီး သူငယ်ချင်းတွေကို Share တာမျိုးလည်းလုပ်လေ့ရှိပါတယ်။

Source: Shutterstock

အဆိုတော်တိုင်း သီချင်းတိုင်းဟာ ကိုယ့်အကြိုက်မဟုတ်ပေမယ့် ကိုယ့်အကြိုက်နဲ့ကိုက်မယ့် အဆိုတော်ကိုလိုက်ရှာရတာဟာ Music ကိုအရမ်းကြိုက်နှစ်သက်တဲ့သူတွေအတွက် Fun တစ်မျိုးပါပဲ။ မနေ့ကအထိ ဒီလိုကိုယ့်အကြိုက်ကိုသိပြီး ဆိုပေးတဲ့သူမရှိသေးဘူးလို့ထင်ထားခဲ့ပေမယ့် ဒီနေ့ကျတော့ သူဟာရုတ်တရက်ကြီးပေါ်လာသလိုမျိုး သူ့ Music တွေကို ဘာလို့နားမထောင်ဖူးရလေခြင်းလို့ ခံစားချက်မျိုးဖြစ်ဖူးပါလိမ့်မယ်။

Source: Shutterstock

ဒါကို Miracle လို့လဲခေါ်နိုင်ပါတယ်။ စာရေးသူလဲအဲ့လိုမျိုးကြုံဖူးပါတယ် ၂၀၁၁ လောက်က Lana Del Rey ရဲ့ Single သီချင်းတစ်ပုဒ်ဖြစ်တဲ့ Video Games ဆိုတဲ့ သီချင်းနဲ့ပဲဖြစ်ပါတယ်။ နားထောင်ဖြစ်တာကတော့ Twitter ကနေဖြစ်ပြီး သူမကဘယ်သူလဲ သူမသီချင်းအမျိုးအစားကဘာလဲ ဆိုတဲ့အဖြေတွေကိုရှာ ပြီးသူမကို တောက်လျောက်အားပေးခဲ့တာ ဒီနေ့အထိပါပဲ။

Source: Shutterstock

အဲ့လိုမျိုးပဲကိုယ်ကြိုက်တဲ့ ဂီတအမျိုးအစားကိုဆိုတဲ့ တစ်ခြားအဆိုတော်တွေလဲရှိပါတယ်။ တစ်ချို့ကို တီဗီအစီအစဉ်တွေကရှာတွေ့သလို တစ်ချို့ကို Internet မှလည်းကောင်း သူငယ်ချင်းတွေဆီကလည်းကောင်းတစ်ဆင့် သိရတာမျိုးလဲဖြစ်နိုင်ပါတယ်။ သင်ကော အပေါ်ကပြောခဲ့သလို သူ့သီချင်းကိုနားထောင်လိုက်ရင် ဘာနဲ့မှမတူတဲ့ ခံစားချက်ကိုရလိုက်တာမျိုး ခံစားဖူးရဲ့လား။

Source: Shutterstock

Music အမျိုးအစားတွေကများပြီး အခုနောက်ပိုင်းတော်တော် လှိုင်းစုံလာပါတယ်။ အခုပြောပြသလို Excitement ပေးနိုင်တဲ့သူကိုရှာမတွေ့သေးဘူးဆိုရင်တော့ တွေ့အောင်ရှာကြည့်ပြီး အဲ့အနှစ်သာရကိုခံစားနိုင်ပါစေ။