Jazz တေးဂီတကို နှစ်သက်သူများအတွက် Jazz အစစ်ကို ဖန်ဆင်းတဲ့လှပတဲ့ ချစ်စဖွယ်နတ်သမီးလေးအကြောင်းကို ပြောပြချင်ပါတယ်။ သီချင်းကလည်း ငြိမ့်ညောင်း၊ သီဆိုသူကလည်း နွဲ့နှောင်းလှပတဲ့နတ်သမီးလေးများအလား ထင်မှတ်ရလောက်တဲ့ Jazz ပဲဖြစ်ပါတယ်။

Jessy J

Source: All About Jazz

Jessy J ရဲ့အမည်အပြည့်အစုံက Jessica Arellano ဖြစ်ပြီး Mexican – American ဖွား တစ်ဦးဖြစ်ပါတယ်။ အသက် ၃၅နှစ်ခန့်ရှိပြီဖြစ်သော်လည်း သူမရဲ့အနုပညာနဲ့ အလှအပတွေက ကမ္ဘာတ၀ှမ်းက အမျိုးသားပရိသတ်ရော၊ အမျိုးသမီးပရိသတ်တွေကိုပါ ဖမ်းစားနေဆဲ ဖြစ်ပါတယ်။ Saxophone နဲ့ Piano ကို ကျွမ်းကျင်စွာ တီးခတ်နိုင်ပါတယ်။

Jess J ရဲ့ Jazz Music တွေအများကြီးထဲကမှ ထင်ရှားတဲ့သီချင်းတွေကို ပြောပြပေးချင်ပါတယ်။

Remember The Night

Source : Amazing Smooth and Jazz

၂၀၁၁ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Hot Sauce Album ထဲမှာပါဝင်ပြီးလူကြိုက်များခဲ့တဲ့ Jazz သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Topical Rain

Source: Amazing Smooth and Jazz

၂၀၀၉ခုနှစ်မှာထုတ်ဝေခဲ့တဲ့ True Love တေးစီးရီးထဲမှာပါဝင်ပြီး နာမည်ကျော်ကြားခဲ့တဲ့ jazz သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။