မသိစိတ်ရဲ့ အကြောင်းကို ပြောပြခဲ့ပြီးပြီမို့ သိစိတ်အကြောင်းကိုလည်း ပြောပြချင်ပါတယ်။ တကယ်တော့ သိစိတ်နဲ့ မသိစိတ်ဆိုတာ အမြဲ လွန်ဆွဲနေတဲ့ အရာနှစ်ခုပါ။ မသိစိတ်ရဲ့ စွမ်းဆောင်ရည်တွေ လုပ်ဆောင်ချက်တွေကို သိပြီးပြီဆိုတော့ ကိုယ့်ရဲ့ သိစိတ်အကြောင်းကိုလည်း သိကိုသိဖို့ လိုအပ်ပါတယ်။

သိစိတ်ဆိုတာ

Source:Lisiming.com

သိစိတ်ဟာ ဆင်ခြင်ပြီး ဆုံးဖြတ်ချက်ချတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီသိစိတ်ဆိုတာဟာ နေ့စဉ်ဘဝကို ဖြတ်သန်းတဲ့နေရာမှာ  သဘာဝကျကျတွေးတောဆင်ခြင်မှုနဲ့ ထိန်းသိမ်းမှုကို ပြုလုပ်ပါတယ်။ တစ်ခုခုကို ပြုလုပ်ဖို့ နှိုးဆော်တဲ့ စိတ်ဟာ သိစိတ်ပါ။

ဥပမာအားဖြင့်ဆိုရသော်

Source:JuanVolpe.com

မနက်အိပ်ယာနိုးရင် ဆက်အိပ်လို့ မဖြစ်တော့ဘူးလို့ သိတဲ့စိတ်ဟာ သိစိတ်ကြောင့်ပါ။ သိစိတ်ဟာ အသိဥာဏ် ၊ အသိပညာနဲ့ ဆက်နွယ်နေတဲ့ သဘောပါ။ သိစိတ်ဟာ ကျောင်းစာတွေ ၊ အတန်းပညာတွေနဲ့လည်း ဆက်စပ်နေပါတယ်။

သင်ယူလေ့လာမှုတွေဟာ သိစိတ်နဲ့ ဆက်နွယ်နေပါတယ်

Source:Pyramids – Healing Energy Tools

ကျောင်းစာသင်ကြားခြင်း နဲ့ ပညာရေးဆိုင်ရာ လေ့လာချက်တွေအားလုံးဟာ သိစိတ်က ဆောင်ရွက်နေတာပါပဲ။ ဒီလို သိစိတ်ကို အသုံးပြုပြီး အဲဒီ သိစိတ်ကိုပဲ လေ့လာဆန်းစစ်မှာပဲဖြစ်ပါတယ်။ သိစိတ်ဟာ တွေ့ကြုံခဲ့သမျှ လေ့လာခဲ့သမျှ တွေကို မန်မိုရီထဲမှာ သိမ်းဆည်းထားတတ်ကြပါတယ်။

သိစိတ်မန်မိုရီအကြောင်း

Source:RWC News

ဒီလို မန်မိုရီထဲမှာ မှတ်သားထားတာတွေကို လိုအပ်တဲ့အချိန်မှာ ထုတ်သုံးကြပါတယ်။ နိုင်ငံတကာသုံး ပညာရေးစနစ်ဟာ သိစိတ်ကို အသုံးချ လေ့လာစေကြပါတယ်။ သိစိတ်နဲ့ ယှက်နွယ်တဲ့ ပညာရေးဟာ ဥာဏ်ပညာကို တိုးတက်ဖြစ်ထွန်းစေခြင်း ၊ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ဆင်ခြင်မှုတို့ဟာ အရေးပါပါတယ်။