ဒီဘက်ခေတ်ကြီးမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ဖက်ရှင်ဒီဇိုင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်တစားဖြစ်လာကြပါတယ်။ ယောကျာ်းလေးတွေ အဖို့ကတော့ ဘယ်လိုဖက်ရှင်ဒီဇိုင်းတွေက မြင်မြင်ချင်း ဆွဲဆောင်မှုရှိစေမှာလဲဆိုတာကို ပိုပြီး စိတ်ဝင်စားတတ်ကြပါတယ်။ဒါ့အပြင် ခေတ်လည်း နောက်မကျသွားရလေအောင် 2018 ခုနှစ်အတွင်းမှာ ဘယ်လို ဖက်ရှင်ဒီဇိုင်းတွေခေတ်စားနေမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
ဒေါင်လိုက်အစင်းကြား ဝတ်စုံတွေ
Source: indiamart
အရိုးရှင်းဆုံးဟာ စွဲဆောင်မှုအရှိဆုံးပါပဲ။ ယောကျာ်းလေးတွေအဖို့တော့ ဒေါင်လိုက်အစင်းကျားဝတ်စုံဟာ ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ဖက်ရှင်တစ်ခုပါ။ ဒေါင်လိုက် အစင်းကျား ဝတ်စုံတွေဟာ သင့်ကို မြင်မြင်ချင်း လူကြားထဲ ထင်းကနဲပေါ်လွင်သွားအောင် ဆွဲဆောင်မှုရရှိစေပြီး ခန့်ညားတည်ကြည်တဲ့ ယောက်ျားတစ်ယောက်ရဲ့ သွင်ပြင်ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။
အားကစားဝတ်စုံတွေ
Source: snapdeal
ဒီဘက်ခေတ်ထဲမှာတော့ အားကစားဝတ်စုံတွေဟာလည်း ဖက်ရှင်တစ်ခုအနေနဲ့ပါ ဝတ်ဆင်လို့ရနေပါပြီ။ အပြင်သွားအပြင်လာအချိန်တွေအတွက်ပါ ဖက်ရျင်ကျကျ ဝတ်စားနိုင်တဲ့ အားကစားဝတ်စုံတွေကလည်း ဒီဘက်ခေတ်မှာ အတော်ခေတ်စားလာပါတယ်။ အားကစားလုပ်ဖို့သပ်သပ် မဟုတ်တော့ဘဲ အားကစားဝတ်စုံနဲ့ စတိုင်ကျကျ လန်းလို့ရတဲ့အကြောင်း လက်တို့လိုက်ပါရစေ။
အပွင့်အခတ်ဒီဇိုင်းတွေ
Source: STYLEHUB NG
နွေဦးပေါက်လာပြီဖြစ်တဲ့အတွက် ဟာဝိုင်ယီဒီဇိုင်းလေးတွေကလည်း ခေတ်စားလာမယ့် ဒီဇိုင်းအမျိုးအစားထဲမှာ ပါဝင်လာပါတယ်။ အပွင့်အခတ် ဒီဇိုင်းတွေကလည်း ဒီနွေရာသီအတွက်တော့ အံကိုက်ပါပဲ။ တချို့တွေက အပွင့်အခတ် ဒီဇိုင်းတွေက မိန်းမဆန်တယ်ဆိုပြီး နှာခေါင်းရှုံ့ချင်ကြပါတယ်။ တကယ်တော့ ကိုယ်နဲ့ လိုက်ဖက်မယ့် အရောင်နဲ့ အပွင့်အခတ်ကိုသာ သေချာရွေးချယ်တတ်မယ်ဆိုရင် ဖက်ရှင်ကျ ယောကျာ်းဆန်တဲ့ ဟန်ပန်ကို ရရှိစေနိုင်မှာပါ။
ဘောင်းဘီဒီဇိုင်းတွေ
Source: qlumartkenya.co.ke
ပုရိသတွေအတွက် ဒီဘက်ခေတ်ထဲမှာ ဘောင်းဘီအမျိုးအစားပေါင်းစုံ ထွက်ပေါ်လာပါတယ်။ မလိုက်ဖက်တဲ့ အင်္ကျီနဲ့ ဘောင်းဘီကိုသာ တွဲဖက် ဝတ်ဆင်မိရင်တော့ ဂွမ်းသွားမှာ သေချာပါတယ်။ ဒီတော့ လိုက်ဖက်တဲ့ အတွဲအစပ်တွေကို ရွေးချယ်ဝတ်ဆင်ရမှာပါ။ အပေါ်နဲ့အောက် မလိုက်မဖက်ဝတ်ဆင်ထားမိပြီဆိုရင်တော့ သင် လုံးဝဂွမ်းသွားပါပြီ။
Accessories တွေ
Source: homeshop18.com
ယောကျာ်းလေးတွေအတွက် Accessories ပစ္စည်းတွေက အများကြီးမဟုတ်ပါဘူး။ ဒါပေမယ့် Accessories ပစ္စည်း တွေကလည်း တဖက်သားကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုပါပဲ။ မျက်မှန်၊ နာရီ၊ ဖိနပ်၊ ဦးထုပ်၊ ခါးပတ် စတာတွေကလည်း ဘောင်းဘီနဲ့ အင်္ကျီ တွဲဖက်ဝတ်ဆင်သလိုပါပဲ။ ကိုယ်ဆင်မြန်းထားတဲ့ ဝတ်စုံနဲ့ လိုက်ဖက်တဲ့ Accessories မျိုးကို ရွေးချယ်ဝတ်ဆင်မှသာ စတိုင်လန်းတဲ့သူအဖြစ်နဲ့ လူကြားထဲ ဝင့်ကြွားနိုင်မှာဖြစ်ပါတယ်။