ကျွန်တော်တို့ ယောကျာင်္းလေးတွေမှာအဖြစ်များလေ့ရှိတာက ဂျင်းဘောင်းဘီတွေဟာ အခြားဘောင်းဘီတွေထက် ဝတ်ဆင်မှုနှုန်းပိုများပေမယ့်လည်း အရောင်နဲ့ ဒီဇိုင်းပေါ်မူတည်ပြီး ရွေးချယ်တတ်ကြပါတယ်။ အဲ့လိုအခြေအနေမျိုးဆို ဘယ်အရောင်ဟာ သင့်ရဲ့စိတ်ကြိုက်ဖြစ်မလဲ။ နက်ပြာလား  မိုးပြာလား။ ဒါမှမဟုတ်အနက်လား သို့မဟုတ် အဖြူလား။ တခါတလေကျတော့လည်း ကိုယ်ကြိုက်တဲ့အရောင်ဖြစ်ပေမယ့် ဘောင်းဘီပုံစံကို သဘောမကျလို့မဝယ်ဖြစ်တာမျိုးလည်းရှိပါတယ်။ ဒီဇိုင်းကိုပြောရမယ်ဆိုရင်လည်း ဘယ်လိုမျိုး Cutting ကသင့်စတိုင်ဖြစ်မလဲ။ Skinny အကျပ်လား သို့မဟုတ် Straight တဖြောင့်တည်းလား။ ဒါမှမဟုတ်ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးဖြစ်မယ့်ဟာမျိုးကိုပဲ ဦးစားပေး ရွေးချယ်တာလား။ ဂျင်းနဲ့ပတ်သတ်ပြီး ဒီလိုမျိုးတစ်ယောက်နဲ့ တစ်ယောက်မတူညီမှုတွေဟာလည်း ကိုယ်ပိုင်ဟန်ကိုဖော်ကြူးတာမျိုးပါပဲ။ စတိုင်ဆိုတဲ့အရာဟာ တကယ်ဆိုတော့ Personal ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းနဲ့လည်း မသက်ဆိုင်ပါဘူး။ ဥပမာပေးရရင် ဂျင်းဆိုတာမျိုးဟာ (၁၂)ရာသီခေတ်စားနေတဲ့ အဝတ်အစားပါ သို့ပေမယ့် ကိုယ့်နဲ့လိုက်ဖက်မယ့်ဟာမျိုးကို ပါးနပ်စွာရွေးနိုင်တာ ကကိုယ်ပိုင်စတိုင် Own Creation လို့ပြောလို့ရပါတယ်။

ရွေးချယ်တဲ့အခါမှာလည်း ကိုယ်ဝတ်သွားမယ့်နေရာနဲ့လိုက်အောင် အလေးပေးပြီးရွေးသင့်တဲ့အပြင် ကိုယ်ပတ်ဝန်းကျင်မှာ ဂျင်းတွေကို ဝတ်ဆင်နေကြတဲ့သူတွေကိုလည်း အရင်ဆုံး လေ့လာသင့်ပါတယ်။ သင့်အနီးပတ်ဝန်းကျင်ကသူတွေ သင့်လုပ်ဖော်ကိုင်ဖက်တွေ သင့်သူငယ်ချင်းတွေ ဘယ်လိုဝတ်ဆင်ကြသလဲပေါ့ သူတို့မှာလည်းကိုယ်ပိုင်စတိုင် ကိုယ်စီရှိကြပါတယ်။ အဲ့ဒါမှလည်းသူတို့နဲ့မတူညီပဲ ကွဲထွက်စေမယ့် ကိုယ့်မူပိုင်ဟန်ကိုရှာတွေ့မှာပါ။ အပေါ်မှာပြောခဲ့တဲ့ ဒီဇိုင်းကာလာ အချက်တွေအရ သင်အခုလောလောဆယ်ဝတ်ဆင်နေတာနဲ့ ကိုက်ညီမှုရှိပါသလား။ ဘယ်ဟာမျိုးက သင့်စိတ်ကြိုက် ဂျင်းဘောင်းဘီပုံစံဖြစ်မလဲ။ သင့်ကိုယ်ပိုင်စတိုင်ဖြစ်မလဲ မသေချာသေးရင်တော့ အောက်မှာပေးထားတဲ့ပုံတွေကိုကြည့်ပြီး ကိုယ့်ရဲ့ Favorites Style ကိုဖော်ထုပ်နိုင်ပါတယ်။

Dark Wash  (သို့) Light Wash လား ။

Source: esquire.com

 

Blue (သို့) Black လား ။

Source :esquire.com

 

Clean  (သို့) Distressed လား ။

Source :esquire.com

 

Cuff  (သို့)   No Cuff လား ။

Source :esquire.com

 

Skinny  (သို့)   Slim လား ။

Source :esquire.com

 

Straight  (သို့) Relaxed လား ။

Source :esquire.com