လူတစ်ယောက် အကြိုက်တစ်မျိုးစီ ဆိုတာမှန်ပါတယ်။ ဒါကြောင့်လည်းရိုးရှင်းတဲ့ တီရှပ်တွေမှာတောင် ဒီဇိုင်းကာလာ အနေအထာတွေဟာ ကွဲပြားနေတာပါ။ သင့်လည်းစိတ်ကြိုက် ပုံစံနဲ့ အရောင်သပ်သပ်ရှိမှာပါ။ ကိုယ်နဲ့လိုက်ဖက်မယ့် တီရှပ်ကို ရှာတာဟာ ကိုယ်ပိုင်စတိုင်ပေါ်မူတည်တဲ့ Personal Choice ဖြစ်ပါတယ်။ အများသဘောကျတဲ့ တီရှပ်ဟာလည်းသင့်စိတ်ကြိုက်ဖြစ်မှာပဲလို့ တထစ်ချပြောလို့မရပါဘူး။ သင့်ဟာ အများနဲ့ကွဲထွက်ပြီး Stand Out ဖြစ်တဲ့ စတိုင်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့လိုက်တာကိုရွေးချယ်တတ်ပြီဆိုရင်လည်း တီရှပ်ဆိုလည်းတီရှပ်တစ်ထည်တည်းနဲ့တင် Perfect ဖြစ်စေမှာပါ။

ဒီဇိုင်းကိုမပြောခင် အရောင်ကိုအရင်ပြောချင်ပါတယ်။ ရိုးရှင်းတဲ့အခြေခံအရောင်က စပြောရမယ်ဆိုရင်တော့ သင့်စတိုင် Tee ဟာ အနက်ဖြစ်မလား ဒါမှမဟုတ် အဖြူဖြစ်မလား။ ဘာလို့ဒီ၂ရောင်ကို အလေးပေးမေးရသလဲဆိုတော့ ယောက်ျားလေးအများစုကြိုက်ကြတဲ့ အရောင်မျိုးဖြစ်လို့ပါ။ ဒီဇိုင်းအရပြောရမယ်ဆိုရင်တော့ တီရှပ်မှာတောင် Cutting ပုံစံနဲ့ Texture ပေါ်ကိုမူတည်ပြီး ကွဲပြားသွားသေးပါတယ်။ လည်ပင်းအဝိုင်း Crewneck လိုမျိုးလား၊  ဗီပုံစံလည်ပင်းလား စသဖြင့် ကိုယ်နဲ့လိုက်ဖက်မယ့် ဟာမျိုး ကိုယ့်စိတ်ကြိုက်ကိုရွေးချယ်သင့်ပါတယ်။ သင့်စတိုင်ဟာ ဘယ်အမျိုးအစားထဲက ဖြစ်မလဲဆိုတာကို မသိသေးရင်တော့ အောက်မှာဖော်ပြပေးထားတဲ့ မေးခွန်းတွေကို ဖြေကြည့်ပြီး ကိုယ်နဲ့လိုက်ဖက်မယ့်ဖက်ရှင်ကို ရှာကြည့်လိုက်ပါ။

Crewneck   (သို့)    V-Neck

Source: esquire.com

 

Black     (သို့)     White

Source: esquire.com

Lightweight  (သို့)  Heavyweight

 

Source :esquire.com

Slim  (သို့)  Loose

 

Source :esquire.com

 

Pocket  ( သို့) No Pocket

Source :esquire.com

On Its Own (သို့) Layered

Source :esquire.com

Printed (သို့)   Plain

Source :esquire.com

Tucked  (သို့) Untucked

 

Source :esquire.com