အခုလို Social Media တွေခေတ်စားလာ အတွက် IG Worthy Style လို့ခေါ်တာကို မဖြစ်မနေ သိထားဖို့လို့ပါတယ်။ တကယ်လို့ကိုယ်ဟာ အင်တာနက် Social Media ပေါ်မှာ ဓာတ်ပုံတွေဘာတွေတင်မယ်ဆိုရင် ကိုယ်ပုံဟာ Social Friendly ဖြစ်ဖို့လိုပါတယ်။ နောက်ပြီး LifeStyle ကိုဖော်ပြတဲ့ ဓာတ်ပုံမျိုးတွေပဲ Instagram မှာတင်ကြတာများတော့ ကိုယ့်ပုံတင်တော့မယ်ဆို သိထားသင့်တာက ဖက်ရှင်ဒီဇိုင်းတွေ Style တွေဟာ နိုင်ငံတကာ အဆင့်မီသင့်ပြီး On Point ဖြစ်ဖို့လိုပါတယ်။
Source: Shutterstock
အမျိုးသားတွေအတွက်ကတော့ Slay ဖြစ်ဖို့ဆို IG မှာတင်မယ့်ဓာတ်ပုံအတွက်ဆို ပထမအချက်လိုအပ်တာက ဖက်ရှင်အမြင်ရှိပြီး ဓာတ်ပုံထဲမှာစမတ်ဖြစ်နေဖို့ပဲ လိုအပ်ပါတယ်။ တစ်ခုတော်သေးတာက ကျွန်တော်တို့အမျိုးသားတွေဟာ ဓာတ်ပုံကောင်းရဖို့ အမျိုးသမီးတွေလို မိတ်ကပ်တွေပြင်စရာမလိုပါဘူး အဝတ်အစားကိုဦးစားပေးပြီးဝတ်မယ်ဆို IG မှာအောင်မြင်ဖို့က မြေကြီးလက်ခပ်မလွှဲပါ။ နောက်ပြီး Outfit အပြင် အိုက်တင်ထုပ်တတ်ပြီး ဓာတ်ပုံအခြေခံသဘောတရားကို အနည်းငယ်ဗဟုသုတအနေနဲ့ သိထားရင်ရပါပြီ။
Source: Shutterstock
နိုင်ငံတကာမှာတော့ Influencer တွေ IG Blogger တွေကအဲ့လိုမျိုးဓာတ်ပုံကောင်းကောင်းရိုက်ပြီး အားပေးတဲ့ Followers တွေများတဲ့အခါ အောင်မြင်ပြီး ပိုက်ဆံတွေရှာလာနိုင်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း နိုင်ငံတကာအထိပေါက်ရောက်တဲ့ အမျိုးအသား IG Influencers တွေ Bloggers တွေမရှိသေးတော့ Inspire ဖြစ်စေမယ့် ခေါင်းစဉ်ကို ဒီတပတ် ရွေးချယ်ပေးလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ Social Media ကို သာမှန် အပျော်သုံးပဲသုံးချင်သူတွေလည်းလေ့လာနိုင်ပြီး Bloggers ဖြစ်ဖို့ အလားလာရှိတဲ့အမျိုးသားတွေ အတွက်လည်း Motivational ဖြစ်စေဖို့ IG Worthy Style နဲ့ပတ်သက်ပြီး သိသင့်တဲ့ အချက်တစ်ချို့ကို မျှဝေပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။ Style တိုင်းမှာ သူ့ Theme နဲ့သူရှိပါတယ်။
Source: Shutterstock
The seasonal classic ကတော့ ရာသီဥတုနဲ့လိုက်ပြီး Seasonal Casual ဖြစ်မယ့် အဝတ်အစားတွေကို သဘာဝကျကျဝတ်ဆင် တတ်ဖို့ပါပဲ။ သူ့ Theme ကတော့ ၁၂ ရာသီ အထာကျတဲ့သူ အဖြစ်သိသာ ထင်ရှားအောင်စေအောင်ပဲ ဖြစ်ပါတယ်။
Source: Shutterstock
The easygoing fit ကတော့ ဖက်ရှင် RunWay မှာလျှောက်မယ့် မော်ဒယ်တွေလို Trend ဖြစ်နေဖို့မလိုပဲ ကိုယ့်အတွက်ပေါ့ပါးပြီး Fit ဖြစ်မယ် ခန္ဓာကိုယ်အချိုးအစားကိုပေါ်မယ့် အဝတ်အစားတွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ Daily Routine ကိုစတိုင်ကျကျဖြတ်သန်းတတ်တဲ့ သူမျိုးဆိုတဲ့ သဘောကိုဖော်ဆောင်မှာပါ။
Source: Shutterstock
The thirst trap fantasy ကတော့ Sexy ကျတဲ့ အမျိုးသားတစ်ဦးဖြစ်ကြောင်း သင့်ဓညတ်ပုံ ကဖော်ပြနေဖို့လိုပါတယ်။ ဒီစတိုင်မှာဆို Shirtless ဖြစ်ပြီး Sweat Pants ဖြစ်ဖြစ် ဘောင်းဘီတိုဖြစ်ဖြစ် ဝတ်ဆင်သင့်ပါတယ်။ ဆော်တွေကြွေအောင် Shirtless နဲ့ဆိုရင်တော့ သင့်Body ဟာ Fit အနည်းငယ် ဖြစ်ဖို့လိုတာပေါ့။
Source: Shutterstock
The cocktail cool ကတော့ ဘော်ဒါတွေနဲ့ HangOut လုပ်တဲ့အခါ ဝတ်ဆင်လေ့ရှိတဲ့ ဒီဇိုင်းကိုဆိုလိုတာပါ။ သင်ဟာ အမြဲတမ်း Fresh ဖြစ်ပြီး Cool ဖြစ်တဲ့သူတစ်ယောက် ဆိုတာကိုအများသိအောင်ပြဖို့လိုပါတယ်။ Theme ကတော့ Night Out ကိုစတိုင်ကျကျထွက်တဲ့သူ လို့ပြောရမှာဖြစ်ပါတယ်။
Source: Shutterstock
The handsome weekender ကတော့ ဒိတ်ချင်စရာကောင်းတဲ့ အမျိုးအသားတစ်ယောက်ကဲ့သို့ဝတ်စားသင့်တာပဲဖြစ်ပါတယ်။ ကြားရက်တွေမှာပဲ စတိုင်ကျတာမျိုးမဟုတ်ပဲ ပိတ်ရက်မှာပါ ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ်နေပြီး ဂရုစိုက်တတ်တဲ့သူမျိုးဖြစ်ကြောင်း Theme ကဖော်ပြမှာဖြစ်ပါတယ်။