ဘာလို့ Street Artist တွေဟာ လူငယ်တွေ အတော်များများဟာ အားကျရတာလဲ။ နောက်ပြီး သူ့တို့ရဲ့ ဖက်ရှင်တွေဟာ ဘာကြောင့်ခေတ်စားလာရတာလဲဆိုတဲ့ အဖြေနှစ်ခုစလုံးကို ဖြေရမယ်ဆိုရင်တော့ Graffiti Street Artist တွေဟာ Society ကို Against လုပ်တဲ့အပြင် Rules Breaker တွေလည်းဖြစ်ပါတယ်။

Source: Shutterstock

သူ့တို့တွေရဲ့ဝတ်ဆင်ပုံ ၊ နေထိုင်ပုံ Lifestyle ဟာ ပေါ့ပါးလွတ်လပ်တဲ့အပြင် မိန်းကလေးတွေ အမြင်မှာလည်း Cool Guys ဆိုပြီးမှတ်ယူထားတာဖြစ်ပါတယ်။ First Impressions ဆိုတာ တစ်ဘဝလုံး အမှတ်ရစေနိုင်တဲ့ အရာပါ ပထမဦးဆုံးအနေနဲ့ အခြားလူတစ်ယောက်က ကိုယ့်အပေါ်မှာ အထင်ကြီးသွားဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပေမယ့် ဒီ Street Artist တွေကတော့ သူတို့ရဲ့ အနုပညာ Artworks တွေနဲ့ အမြဲ တစ်ဖက်လူကို Impress လုပ်နိုင်ပါတယ်။

Source: Shutterstock

သူ့တို့ရဲ့လွှမ်းမိုးမှုဟာ Hip-Hop Influence နီးပါးကြီးပါတယ်။ Lifestyle အနေနဲ့တင်မဟုတ်ပဲ ဖက်ရှင်လောကကိုလည်း ဒီ Wave ဟာ ရိုက်ခတ်လာပါတယ်။ Urban Fashion အုပ်စုအောက်မှာမှ Street Style ဆိုပြီး Artist တွေဝတ်ဆင်ကြသလို Street Wear ဒီဇိုင်းတွေဟာ ပိုမိုခေတ်စားလာပါတယ်။

Source: Shutterstock

Career မတူတဲ့သူတိုင်းမှာ မတူညီတဲ့ ကွဲပြားချက်တွေရှိသလိုပဲ။ ဝတ်ပုံစားပုံ နေပုံထိုင်ပုံ ကအစ ကွာခြားလေ့ရှိပါတယ်။ Street Art တွေကို ဖန်တီးတဲ့ အနုပညာရှင်တွေရဲ့ ဝတ်လေ့ဝတ်ထရှိတဲ့ Outfits တွေဟာ ဆိုရင် Beanie Hat ၊ Shirt ၊ Hoodie ၊ Jeans ၊ Sneakers တွေပဲဖြစ်ပါတယ်။ နောက်ပြီး အနေနဲ့ Backpack ၊ Headphone ၊ Sunglasses အစရှိတာတွေ ကို သူတို့ Street Art လိုက်ဆွဲတိုင်းယူသွားလေ့ရှိတာကြောင့် သူတို့ရဲ့တစ်မှုထူးခြားတယ် လို့လည်းပြောလို့ရပါတယ်။