ကမ္ဘာနှင့်တ၀ှမ်းက အမျိုးသားပရိသတ်တွေရော၊ အမျိုးသမီး ပရိသတ်တွေရဲ့ တခဲနက် အားပေးမှု ကို ဆယ်စုနှစ်ပေါင်းများစွာ ရရှိထားခဲ့တဲ့ အဆိုတော်ကြီး Eminem က ပရိသတ်တွေကို အံ့အားသင့်အောင် လုပ် လိုက်ပြန်ပါတယ်။
ကြာသပတေးနေ့ သန်းခေါင်ယံ
Source : The Daily Beast
အမြဲ အသစ်အဆန်းတွေကို ဖန်တီးချင်တဲ့ အဆိုတော် Eminem ဟာ အခုတခါလည်း အထူးအဆန်း တစ်ခုကို လုပ်လိုက်ပြန်ပါပြီ။ ယခုသီတင်းပတ်ရဲ့ ကြာသပတေးနေ့ ညသန်းခေါင်ယံ အချိန်မှာ သူ့ရဲ့ တေး အယ်လ်ဘမ် အသစ်ကို ပရိသတ်ကြီးဆီ ကို ပို့ပေးလိုက်ပါတယ်။
သန်းခေါင်ယံ အချိန်ရဲ့ Kamikaze
အဆိုတော် Eminem ဟာ Kamikaze ဆိုတဲ့ တေးအယ်လ်ဘမ် အသစ်ကို လျှပ်တပြက် ထုတ်ဝေ လိုက်တာပဲ ဖြစ်ပါတယ်။ အခွေသစ်ထွက်ရှိကြောင်းကို စာနယ်ဇင်းတွေ့ဆုံပွဲတွေ မပြုလုပ်ပဲ တွစ်တာမှ ကြေ ညာခဲ့ခြင်း ဖြစ်ပါတယ်။
Revival
ရက်ပ် အဆိုတော် Eminem ဟာ ပြီးခဲ့တဲ့ ကိုးလခန့်က Revival လို့အမည်ရတဲ့ အယ်လ်ဘမ် တစ်ခု ကိုထုတ်ဝေ ထားပါသေးတယ်။
Kamikaze မှာ ပါဝင်အားဖြည့်ထားတဲ့ အဆိုတော်များ
Source: HabariCloud Today
အသစ်ထွက်ရှိထားတဲ့ Kamikaze တေးစီးရီးမှာ အားဖြည့်ကူညီသူတွေအနေနဲ့ ဂျက်ဆီရီးယက်စ်၊ ဂျွိုင်နာလူးကပ်စ် စတဲ့ နာမည်ကျော် အဆိုတော်များကလည်း ပါဝင်ထားကြပါတယ်။