ယောကျာ်းလေးတစ်ယောက်အတွက် အနောက်တိုင်းဝတ်စုံဝယ်တော့မယ်ဆိုရင် တွဲဖက်ပြီး စဉ်းစားရမှာတွေအများကြီးရှိပါတယ်။ ကိုယ်ဝယ်မယ့် Coat နဲ့ Trouser ပေါ်မှုတည်ပြီး အောက်ခံ White Shirt နဲ့ Dress Shoes တွေကလည်း လိုက်ဖက်ဖို့ လိုအပ်ပါသေးတယ်။ အဲ့ဒီအတွက် Dress Shoes တွေနဲ့ အပေါ်က Coat မလိုက်ဖက်တာမျိုးမရှိရအောင် ဘယ်လို Dress Shoe တွေကို ဝတ်ဆင်ကြမလဲဆိုတာကို ပြောပြသွားပါမယ်။

အနက်ရောင် Suit

Source: The Idle Man

ယောက်ျားလေးအတော်များများရဲ့ အဓိက Coat Blazer အရောင်က အနက်ရောင်ပဲများပါတယ်။ အခုလိုမျိုး အနက်ရောင် Suit ကို အကျအနဝတ်ဆင်ထားတယ်ဆိုရင်တော့ Dress Shoes ကို အနက်ရောင်ကလွဲပြီး အခြားအရောင်တွေကို မစဉ်းစားပါနဲ့။ ကွဲထွက်နေအောင်ဆိုပြီး အခြားအရောင် Dress Shoes ဝတ်ပြီးမှ လိုက်ဖက်မှုမရှိတာက ထင်းနေပါလိမ့်မယ်။

Navy Blue Suit

Source: The Idle Man

နောက်ထပ် လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ Navy Blue Suit ကလည်း ဘယ်လိုသူမျိုးကို မဆိုပေါ်လွင်စေတဲ့ အရောင်တစ်ခုပါ။ အခု Navy Blue နဲ့ဆိုရင်တော့ Dress Shoes ကို ဘာအရောင်နဲ့မဆိုလိုက်ဖက်တဲ့ အနက်ရောင်ကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး ပေါ်လွင်စေဖို့ဆိုရင်တော့ အညိုရောင် ဒါမှမဟုတ် ကြက်သွေးရောင် Shoes တွေကို ရွေးချယ်တာအကောင်းဆုံးပါ။

မီးခိုးရောင် Suit

Source: The Idle Man

မီးခိုးရောင် Suit ကလည်း ဝတ်ဆင်သူများပြားပြီးတော့ Dress Shoes ကလည်း အခုနက Navy Blue လိုမျိုးပဲ အနက်ရောင် Shoes နဲ့ ဝတ်ဆင်နိုင်ပြီး အညိုရောင် Shoes က ပိုပြီး တောက်ပစေမှာပါ။

အခုလိုမျိုး အနောက်တိုင်းဝတ်စုံတွေလိုမျိုးပဲ Dress Shoes တွေကလည်း သေချာဂရုစိုက်ဝတ်ဆင်သင့်တဲ့အရာတွေဖြစ်ပြီးတော့ နှစ်ခုစလုံးလိုက်ဖက်မှလည်း စတိုင်ကျနေမှာပါ။