အခုကတော့ အရပ်ရှည်မြင့်တက်စေတဲ့ လေ့ကျင့်ခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေအကြောင်း ပြောပြချင်ပါတယ်။ ယောကျာ်းလေးတွေအနေနဲ့ အရပ်မရှည်ချင်တဲ့သူရယ်လို့ ရှိမယ်တောင်မထင်ပါဘူး။ လူပျိုပေါက်အရွယ်ရောက်ပြီဆိုတာနဲ့ အရပ်ရှည်ဖို့အတွက် ဘားခိုတာတွေ ရေကူးတာတွေကို အားသွန်ခွန်စိုက် လုပ်ကြသူတွေ ရှိပါတယ်။ အခုအခါမှာတော့ လူတွေသိပ်မသိကြပေမယ့် အရမ်းထိရောက်တဲ့ လေ့ကျင့်ခန်းတွေကို ပြောပြပေးသွားမှာပါ။

လေ့ကျင့်ခန်း ၁

Source: mensjournal.com

လေ့ကျင့်ခန်း ၂

ဒုတိယလေ့ကျင့်ခန်းကတော့ လက်တွေကို မိုးပေါ် မြှောက်ထားရမှာပါ။ ပြီးရင် တဖြေးဖြေးချင်း အောက်ခြေကို ချလာပြီး နောက်ဆုံး ခြေဖဝါးနဲ့ လက်တွေ ထိသွားတဲ့အထိ လူကို ကိုင်းချလိုက်ရမှာပါ။ ခြေဖဝါးနဲ့ လက်တွေထိသွားပြီဆိုရင်တော့ ၁ အဖြစ်စတင်ရေတွက်လို့ရပါပြီ။ ဒီလေ့ကျင့်ခန်းကလည်း ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်းပါပဲ။

လေ့ကျင့်ခန်း ၃

တတိယလေ့ကျင့်ခန်းကတော့ လက်ဖဝါးနှစ်ဖက်ကို ယှက်လိုက်ပြီး ရှေ့တည့်တည့်ကို အရင်ဆန့်တန်းပါ။ ပြီးရင်တော့ ရှေ့ကနေ အပေါ် ဦးခေါင်းထက်ထိ ရွေ့တင်ပေးသွားမှာ ဖြစ်ပါတယ်။ လက်တွေက ဆန့်တန်းရင်း ရွှေ့သွားသလိုပဲ ခြေဖနောင့်ကလည်း တပြိုင်နက်တည်းမှာ ကြွလိုက်ရပါမယ်။ ဒီလေ့ကျင့်ခန်းကို မနက်အိပ်ယာနိုးချိန်မှာ ပြုလုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကောင်းပြီး အရပ်လည်းရှည်ထွက်လာပါလိမ့်မယ်။

လေ့ကျင့်ခန်း ၎

Source: ggnwfitness.com

ဘားခိုလေ့ကျင့်ခန်းကလည်း ယောက်ျားလေးအများစုနဲ့ မစိမ်းပါဘူး။ ငယ်ငယ်လေးကတည်းက ကျောင်းတွေမှာ အိမ်တွေမှာ ပြုလုပ်နေကျပါ။ ဘားခိုလေ့ကျင့်ခန်းကို အပေါ်ပိုင်းကို ပင့်တင်တာကော အောက်ပိုင်းကို ချတာပါ။ နှစ်မျိုးစလုံးကို မျှတအောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၅

Source: covsf.com

ရေကူးခြင်းကတော့ အားလုံးသိတဲ့အတိုင်းပဲ အရပ်ကိုရှည်စေနိုင်တဲ့အပြင် စိတ်ဖိစီးမှုတွေကိုပါ လျှော့ပါးစေနိုင်တဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ ရေကူးခြင်းနဲ့ ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဆန်းစေတဲ့အပြင် အရပ်ကိုပါဆွဲဆန့်ပေးနိုင်ပါတယ်။ ရေမကူးတတ်တဲ့သူတွေ အနေနဲ့ကတော့ အထက်က ဖော်ပြပေးခဲ့တဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်ရင်း ကိုယ့်အရပ်တွေကို ဆွဲဆန့်နိုင်ကြပါစေ။