Suit လို့ပြောလိုက်တာနဲ့ အနက်ရောင် Suit ဒါမှမဟုတ် Navy Suit ကိုပဲ ပြေးမြင်မိကြမှာပါ။ အခုတကြိမ်မှာတော့ Navy Suit ဝတ်တတ်တဲ့ ကွီးတွေအတွက် ဘယ်လိုမျိုး Shirt တွေကို အောက်က ခံဝတ်လိုက်ရင် ပိုပြီး စတိုင်ကျသွားမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

အဖြူပြောင်လက်ရှည် White Shirt

Source: MenFashion.com

အဖြူရောင် White Shirt တစ်ထည်က ဘယ်လို Suit ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့အထဲမှာ ပါပါတယ်။ အခု Navy Suit ဝတ်ထားပြီး အထဲက Shirt ကို ဘာဝတ်ရမှန်းမသိဖြစ်နေရင် White Shirt တစ်ထည်ပဲ အောက်ကခံဝတ်သွားလိုက်ပါ။

အပြာဖျော့ဖျော့ Shirt

Source: MenFashion.com

အဖြူရောင်အပြင်နောက်ထပ် တွဲဝတ်လို့ရတာကတော့ အပြာဖျော့ဖျော့ Shirt တစ်ထည်ပါ။ ဒီလိုအပြာဖျော့ဖျော့အရောင်ကို လူအများစုက Suit အရောင်နဲ့ Match ဖြစ်တဲ့အတွက် မဝတ်ကြပေမယ့် Necktie နီညိုရောင်လိုမျိုးနဲ့ တွဲဝတ်လိုက်ရင် ထင်းသွားမှာပါ။

ပန်းရောင် Shirt

Source: MenFashion.com

ဒါကတော့ ခပ်မိုက်မိုက်ကွီးတွေအတွက် ကျိန်းသေရွေးချယ်သင့်တဲ့ အရောင်ပါ။ Navy Suit ကို အောက်က ပန်းရောင် Shirt တစ်ထည်နဲ့ တွဲဖက်လိုက်မယ်ဆိုရင် မိန်းကလေးတွေ ပစ်ကြွေလောက်တဲ့စတိုင်တစ်ခုပါ။

မီးခိုးရောင် Shirt

Source: MenFashion.com

အဖြူရောင်ကို မဝတ်ချင်ပဲ ပိုပြီး Classy ကျတဲ့ဘက်ကို သွားချင်တဲ့ကွီးတွေအတွက်ကတော့ အခု မီးခိုးရောင် Shirt က အလန်းဖြစ်နေမှာပါ။ သာမန်မျက်စိထဲမှာတော့ ထင်းနေမှာမဟုတ်ပေမယ့် Classic ပုံစံဖြစ်နေမှာကတော့ အသေအချာပါပဲ။