ဂျင်းဘောင်းဘီဆိုတာကတော့ ယောက်ျားလေးတွေအကုန်လုံး ကြိုက်နှစ်သက်ပြီး ဝတ်ဆင်တတ်တဲ့ ဘောင်းဘီတစ်ခုပဲဖြစ်ပါတယ်။ ဂျင်းဘောင်းဘီနဲ့ အပေါ်အင်္ကျီ တီရှပ်ပဲဖြစ်ဖြစ်၊ ရှပ်အင်္ကျီနဲ့ပဲဖြစ်ဖြစ် ဝတ်တတ်ကြပေမယ့် အောက်ကရှုးကိုတော့ ဘာနဲ့ ဝတ်ရမလဲဆိုတာက စဉ်းစားစရာဖြစ်လာပါတယ်။

အဲ့ဒီအတွက် ကွီးတို့အတွက် ဘယ်လိုမျိုး ရှုးတွေကို ဂျင်းဘောင်းဘီနဲ့ အကောင်းဆုံးဝတ်ရမလဲဆိုတာကို ပြောပေးသွားပါမယ်။

Formal Style

Source: menfashion.com

ဂျင်းဘောင်းဘီဟာ Formal ပုံစံမျိုးလည်း ဝတ်လို့ရပါတယ်။ အဲ့ဒီအတွက် အပေါ်က အင်္ကျီက ရှပ်အင်္ကျီပဲဖြစ်ဖြစ်၊ အဖြူရောင်ရှပ်လိုမျိုးနဲ့ ဂျင်းဘောင်းဘီ တွဲဝတ်မယ်ဆိုရင် ရှုးကို Chelsea Boot တွေ၊ ဒါမှမဟုတ် Timberland Boots တွေနဲ့ တွဲဖက်ဝတ်လိုက်မယ်ဆိုရင် စတိုင်ကျသွားမှာပါ။

Smart Casual

Source: menfashion.com

ပုံမှန်အတိုင်း တီရှပ်နဲ့ အပေါ်က ကုတ်အင်္ကျီတစ်ထည်နဲ့ ဝတ်ဖြစ်တဲ့ Smart Casual စတိုင်နဲ့ ဂျင်းဘောင်းဘီတစ်ထည်ကို တွဲဝတ်မယ်ဆိုရင်တော့ Formal Leather Shoes တွေက သိသိသာသာကို တစ်မျိုးဆန်းသစ်နေမှာဖြစ်ပါတယ်။

Casual

Source: menfashion.com

Causal စတိုင်ကတော့ သိတဲ့အတိုင်း ကိုယ်နဲ့ အဆင်ပြေဆုံးဖြစ်မယ့် တီရှပ် နဲ့ ဂျင်းဘောင်းဘီပဲ ဝတ်တတ်တဲ့ပုံစံမျိုးဖြစ်မှာပါ။ အခုလိုမျိုး Causal ပဲ ဝတ်မယ်ဆိုရင်တော့ Sneaker တွေနဲ့ Trainer Shoes တွေက ပိုပြီးလိုက်ဖက်မှာဖြစ်ပါတယ်။

Source: menfashion.com

ဒါပေမယ့် Skinny Jeans တွေနဲ့ တွဲဝတ်မယ်ဆိုရင်တော့ ကျိန်းသေပေါက် Trainer Shoes တွေကိုပဲ ဝတ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ခြေထောက်ကိုလည်း ဂျင်းဘောင်းဘီက ဖိနပ်ကို မဖုံးနေအောင် ခေါက်ထားလိုက်ပါ။