အပြေးလေ့ကျင့်နေစဉ် (သို့) ပြေးလွှားနေစဉ်မှာ သင့်ရင်ဘတ်က ဆိုးဆိုးဝါးဝါး နာကျင်လာပါသလား။ ဘာကြောင့်အောင့်ရသလဲဆိုတဲ့ ဖြစ်နိုင်ချေအကြောင်းအချက်တွေ အများကြီးရှိပါတယ်။
အပြေးလေ့ကျင့်ခန်းကို စတင်လုပ်ဆောင်နေသူလား
Source: shutterstock.com
ကိုယ်လက်လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့အတွက် အပြေးလေ့ကျင့်ခန်းကို ရွေးချယ်ထားပြီး စတင်လေ့ကျင့်နေတယ်ဆိုပါတော့။ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေက စတင်အလုပ်လုပ်ရတဲ့အခါမှာ အပြောင်းအလဲဖြစ်တဲ့အနေနဲ့ နာကျင်မှုကိုခံစားရနိုင်ပါတယ်။
ရင်ဘတ်ကြွက်သားများကြွက်တက်ခြင်း
Source: Shutterstock
ရင်ဘတ်ကြွက်သားတွေဟာလည်း ခြေထောက်မှာရှိတဲ့ကြွက်သားတွေလိုပါပဲ။ နံရိုးတွေနဲ့ဝိုင်းရံထားတဲ့ ရင်ဘတ်ကြွက်သားတွေက လှုပ်ရှားမှုကိုစတင်လုပ်ဆောင်ရတဲ့အခါမှာ ခြေထောက်ကြွက်တက်သကဲ့သို့ ကြွက်တက်တတ်ပါတယ်။ ဒီအခါရင်ဘတ်အောင့်တာ၊ နာကျင်တာတွေဖြစ်တတ်ပါတယ်။
ရင်ပူရင်ဆာဖြစ်ခြင်း
Source: Shutterstock
ပြေးလွှားလှုပ်ရှားခြင်းဟာ အစာချေစနစ်အပေါ်မှာ ဖိအားဖြစ်စေပါတယ်။ ဥပမာအားဖြင့် ပြေးလွှားလိုက်တဲ့အခါမှာ ၀မ်းဗိုက်ထဲမှာရှိတဲ့အစာပြွန်ဟာ ကြွက်သားတွေရဲ့လှုံဆော်မှုနဲ့ အပေါ်ကိုမြင့်တက်လာနိုင်ပါတယ်။ ဒါဟာရင်ပူရင်ဆာဖြစ်စေနိုင်တဲ့ အချက်တစ်ခုပါပဲ။ ရင်ပူရင်ဆာဖြစ်တဲ့အခါ သင့်ရင်ဘတ်ကနာကျင်မှုကို ခံစားရနိုင်ပါတယ်။