အဖြူရောင်တက်တူးဆိုတဲ့အတွက် ထူးဆန်းသွားပါသလား။ အဖြူရောင်တက်တူးဆိုတာဟာ မှင်အမည်းနဲ့ထိုးတဲ့ တက်တူး(သို့) ကာလာ မှင်တွေနဲ့ ထိုးတဲ့တက်တူးတွေလိုပါပဲ။ ကာလာစုံတက်တူးတွေဟာ ယနေ့ခေတ်မှာ လူကြိုက်များနေပေမယ့် လူတချို့ကတော့ အဖြူရောင်တက်တူးကို နှစ်သက်စွာထိုးကြပါတယ်။
အဖြူရောင်တက်တူးဆိုတာဘာလဲ
Source: Tattooimages.biz
အဖြူရောင်မှင်ကို သုံးပြီးထိုးထားတဲ့ တက်တူးပဲဖြစ်ပါတယ်။ လူတချို့ရဲ့အဖြူရောင်တက်တူးအပေါ် စွဲလန်းနှစ်သက်မှုကတော့ ယနေ့အချိန်အတွက် အံ့သြစရာပါပဲ။
ဘယ်လိုအဓိပ္ပါယ်နဲ့ အဖြူရောင်တက်တူးထိုးကြတာလဲ
Source: dubuddha-tattoo
အဖြူရောင်တက်တူးကိုမှ နှစ်ခြိုက်စွာရွေးချယ်ကြတဲ့သူတွေမှာ အကြောင်းပြချက်တွေရှိပါတယ်။ သူတို့တွေဟာ ထင်ရှားမှုကို မလိုလားတဲ့သူတွေပဲ ဖြစ်နိုင်ပါတယ်။ သူတို့ကိုယ်ပေါ်က တက်တူးတွေကို မထင်မရှားပြသပြီး လူတွေစိတ်ဝင်မှုကိုခံယူနိုင်ပါတယ်။
ဘယ်လိုပုံတွေအများဆုံး ထိုးတတ်ကြလဲ
Source: Miss.at
အဖြူရောင်တက်တူးထိုးတဲ့သူတွေကလည်း တခြားအရောင်တက်တူးထိုးသူတွေလိုပါပဲ။ ရိုးရာယဉ်ကျေးမှုတွေ၊ ဘဝရဲ့အထိမ်းအမှတ်တွေ၊ နောက် သူတို့ရဲ့နာမည်တွေနဲ့ သူတို့ချစ်ခင်သူတွေရဲ့ နာမည်တွေကို အများဆုံးထိုးတတ်ကြပါတယ်။