လုပ်ငန်းခွင်မှာ တခြားသူတွေထက် စိတ်ဖိစီးမှုတွေ အရမ်းများရတဲ့သူတွေက ဘယ်လိုလူမျိုးတွေလဲ။ သူတို့က ဘာ့ကြောင့် လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှု အရမ်းများကြရတာလဲ။ သင်ကိုယ်တိုင်ရော လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုတွေအရမ်းများတဲ့ လူတွေထဲမှာ ပါဝင်နေလား။ ကြည့်ကြရအောင်နော်။

အလုပ်လောဘကြီးသူတွေ

Source: cdn.cnn.com/cnnnext

လုပ်ငန်းခွင်အတွင်းမှာ စိတ်ဖိစီးမှုအရမ်းများရတဲ့ သူတွေထဲမှာ ထိပ်ဆုံးကပါဝင်နေသူတွေကတော့ အလုပ်လောဘကြီးသူတွေပဲဖြစ်ပါတယ်။ အလုပ်လောဘကြီးသူတွေဟာ သူများကခိုင်းစေနေရတဲ့ သူမျိုးတွေမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် အလုပ်ကထွက်ပေါ်လာမယ့် ရလာဒ်တွေအပေါ် ရင်ခုန်ပျော်ရွှင်သူဖြစ်ပါတယ်။ ဒီလိုလူတွေဟာ အများအားဖြင့် လုပ်ငန်းပိုင်းမှာ တာဝန်ယူမှုအပိုင်းတွေမှာ ဆောင်ရွက်ရသူတွေပါ။

တစ်ရက်မှာ ၁၀ နာရီလောက် အလုပ်လုပ်ရသူတွေ

Source: netdoctor.cdnds.net

တကယ်တော့ အလုပ်ချိန်ဟာ တစ်နေ့ကို ၈နာရီလောက်ပဲရှိသင့်တာပါ။ တချို့ကတော့ တစ်နေ့ကို ၁၀ နာရီလောက် လုပ်ရတာမျိုးတွေရှိပါတယ်။ ဒီလို တစ်နေ့ကို ၁၀ နာရီ ဒါမှမဟုတ် ၁၀ နာရီအထက် အလုပ်လုပ်ရသူတွေဟာ လုပ်ငန်းပိုင်းမှာ စိတ်ဖိစီးမှုမများရရင်တောင်မှ ပင်ပန်းမှု ဒဏ်ကြောင့် စိတ်ဖိစီးမှုတွေ အရမ်းများကြရပါတယ်

အိမ်တွင်းရေးပြဿနာရှိသူတွေ

Source: d2v9y0dukr6mq2.cloudfront.net

အိမ်တွင်းရေး အဆင်မပြေသူတွေ၊ အိမ်တွင်းရေး ပြဿနာရှိသူတွေဟာ လုပ်ငန်းခွင်အတွင်းမှာ အရမ်းစိတ်ဖိစီးမှုများရပါတယ်။ အိမ်တွင်းရေးမှာဖြစ်နေတဲ့ အဆင်မပြေမှုတွေ၊ ပြဿနာတွေဟာ လုပ်ငန်းပိုင်းမှာ သွားရောက်ထိခိုက်တတ်ပါတယ်။ ဒီအခါမှာ စိတ်ဖိစီးမှုတွေက အလုံးနဲ့အရင်း ဝင်ရောက်လာတော့တာပါပဲ။

အထက်လူကြီးနဲ့ အဆင်မပြေသူတွေ

Source: www.mentalhealthy.co.uk

အထက်လူကြီးနဲ့ အဆင်မပြေသူတွေရဲ့ လုပ်ငန်းတွင်း စိတ်ဖိစီးမှုတွေကတော့ အတော်ကို ကြီးထွားတယ်လို့ ပြောရမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်အနှောင့်အယှက်ဖြစ်မှု တွေနဲ့ စိုးရိမ်ကြီးရမှုတွေဟာ မှန်းဆလို့မရအောင် ရှိနေပါတယ်။ ဘယ်လိုတော်ပြီး ဘယ်လို ထက်မြက်တဲ့ ဝန်ထမ်းဖြစ်နေပါစေ စိတ်ဖိစီးမှုအရမ်းများရတဲ့သူတွေထဲမှာ သူတို့လည်း ပါဝင်ပါတယ်။