တချို့လူတွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေ ၊ အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ အရေးအကြောင်းတွေ အများကြီး ဖြစ်လာတာတွေဟာ ဘာကြောင့်များပါလဲ။ မှန်ကြည့်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ရတာတွေ၊ အိုမင်းရင့်ရော်လာမှုတာတွေအပေါ် စိတ်တိုင်းမကျတာတွေကို ခံစားရသူတွေအတွက် အိုမင်းရင့်ရော်ခြင်းတွေ ဘယ်ကရောက်လာသလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အသားအရေတင်းရင်းမှုတွေ လျော့လာတာက

Source: www.rejuvaustralia.com.

အသက်ရလာရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေ ဆဲလ်သစ်ဖြစ်ပွားမှုနှုန်းတွေဟာ နှေးကွေးလာပါတယ်။ အသားအရေကို ထောက်ကန်ပေးထားတဲ့ Collagen တွေ Elastin တွေ လျှော့နည်းလာတာနဲ့အမျှ အသားအရေတင်းရင်းမှုဟာလည်း လျှော့နည်းလာတတ်ပါတယ်။

ဆဲလ်သစ်ဖြစ်ပွားမှု နှုန်းတွေ နှေးကွေးလာတာ

Source: wayzatacosmeticsurgery.com

ဆဲလ်သစ်ဖြစ်ပွားမှုနှုန်း နှေးကွေးလာတာကြောင့်လည်း အိုမင်းရင့်ရော်ခြင်းတွေ၊ အရေးအကြောင်းတွေ ဖြစ်ပေါ်လာတာပါ။ ဆဲလ်သေကွာကျမှုနှုန်း နှေးကွေးလာပြီး အသားအရေခြောက်သွေ့မှုန်မှိုင်းတာတွေ ဖြစ်လာတတ်ပါတယ်။

ကာကွယ်ပါ

Source: organicskincareadvice.com

ဒီလိုအရာတွေကို ကိုယ်က စောစီးစွာသိရှိပြီး ကြိုတင်ကာကွယ်သွားမယ်ဆိုရင်တော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတွေကို ကာကွယ်ပေးနိုင်ရုံသာမက အရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရဲ့ အိုမင်းရင့်ရော်မှုတွေကို တားဆီးထားဖို့ ကိုယ့်အသားအရေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အရေးကြောင်းဆိုတာ

Source: www.themanual.com

အရေးအကြောင်းဆိုတာ တဖြည်းဖြည်းချင်းမှ ပေါ်လာတတ်တာဖြစ်တဲ့အတွက် အချိန်ကြာလာမှ သိလာရတာမျိုးပါ။ သာမန်အားဖြင့် အရွယ်ရလာရင် အရေပြားအလွှာတွေ ပါးလွှာလာပါတယ်။ ရေဓာတ်နဲ့ ဆီဓာတ်တွေ လျှော့နည်းလာတဲ့အတွက် အသားအရေတွေ ခြောက်သွေ့လာမယ်။ နေရောင်ခြည်ဒဏ် နဲ့ အသက်အရွယ်ကြောင့် Age Spot အမည်းစက်လေးတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။