ကိုယ့်ရဲ့ ချစ်သူက အရမ်းရစ်တတ်တဲ့ သူမျိုးပါလား။ နေ့စဉ်ရက်ဆက် အချိန်ပြည့် နားပူဂျီတိုက် လုပ်နေတတ်တဲ့သူမျိုးလား။ ဒါဆို သူက ဘာ့ကြောင့် ဒီလောက် ဂျီတိုက်နေရတာလဲဆိုတဲ့ အကြောင်းပြချက်တွေ မသိချင်ဘူးလား။ ကောင်မလေးတွေ ကိုယ့်ချစ်သူကို ဘာဖြစ်လို့ အဲဒီလောက် ဂျီတိုက်နေကြတာလဲဆိုတာကို ပြောပြမယ်နော်။
ချစ်လွန်းလို့ပါ
Source: https://cdn-images-1.medium.com/
တကယ်က ချစ်လွန်းလို့ ဂျီကျတာပါ။ ဘယ်သူတွေနဲ့ တွေ့နေတယ်၊ ဘာတွေလုပ်နေတယ် ဆိုတာတွေကို မေးမြန်းပြီး ဂျစ်တိုက်နေတာက မချစ်လို့တော့ မဟုတ်ဘဲ ချစ်လွန်းလို့ ဖြစ်နေတာပါ။ သင်ဘာလုပ်ပြီး ဘယ်သူနဲ့ရှိနေသလဲဆိုတာတွေ သိချင်လို့ ဂျစ်တိုက်နေတာပါ။
စိုးရိမ်စိတ်နဲ့ပါ
Source: https://greatist.com
မချစ်တော့ဘူးလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ သင့်ကို တခြားအန္တရာယ်တွေနဲ့ ကြုံမှာစိုးတဲ့ စိုးရိမ်စိတ်ပေါင်းများစွာဟာ မိန်းမတွေရဲ့ ကိုယ်တွင်းထဲမှာ ကိန်းအောင်းနေပါတယ်။ ချစ်တဲ့သူအတွက် အမြဲစိုးရိမ်နေတတ်ကြတဲ့အတွက် နားပူအောင် ပြော၊ နားပူအောင် ဂျီတိုက်တာတွေ ဖြစ်လာတာပါပဲ။
သူတို့ကိုပိုချစ်အောင်ပါ
Source: https://markmanson.net/
အထက်က အချက်နဲ့ဆင်ပါတယ်။ မချစ်တော့မှာ စိုးရိမ်လို့၊ သူတို့ကို ပိုချစ်အောင်၊ သူတို့ကို အမြဲစိတ်ထဲထည့်ထားအောင် ဂျစ်တိုက်နေတာပါ။ ဂျစ်တိုက်လေ ပိုအချစ်ခံရမယ်လို့ ထင်တာကြောင့်ပါ။
တခြားသူတွေဆီ စိတ်မရောက်အောင်လို့ပါ
Source: https://s-i.huffpost.com/
အထူးသဖြင့် ဒါက အဓိကအချက်ပါပဲ။ ကိုယ်ကလွဲပြီး တခြားသူဆီစိတ်မရောက်စေချင်တဲ့စိတ်နဲ့ ဂျစ်တိုက်ကြတာပါ။ သူစိမ်းကောင်မလေးနဲ့မှ မဟုတ်ပါဘူး။ သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေချိန်တွေတောင်မှ ဖြစ်နိုင်ရင် သူတို့ပဲအချိန်အားလုံးကို ရယူချင်နေတာမျိုးပါ။
သေချာနားလည်အောင် ရှင်းပြပါ
Source: https://markmanson.net
ဒီလို အမြဲ ဂျစ်တိုက်နေတတ်တဲ့ ချစ်သူကို သေချာနားဝင်အောင် ချော့မော့ပြီး ရှင်းပြရပါမယ်။ သူတို့ စိတ်ကျေနပ်စေဖို့ ကြင်နာယုယထွေးပွေ့တာမျိုးလေးတွေ လုပ်ပေးပါ။ တစ်ခါဂျစ်ကျတိုင်း ကလေးတစ်ယောက်လို သဘောထားပြီး ကိစ္စတိုင်းကို အသေးစိတ်ရှင်းပြပါ။ ဒီလိုလေးတွေ လုပ်ပေးမယ်ဆိုရင် ချစ်သူရဲ့ ဂျစ်တိုက်မှုတွေ တဖြည်းဖြည်း လျော့နည်းသွားပါလိမ့်မယ်။