မှတ်ဥာဏ်အားကောင်းစေဖို့အတွက် ဦးနှောက်လေ့ကျင့်ခန်းတွေ ၊ ဘဝနေထိုင်မှုပုံစံတွေ စသဖြင့် အများကြီးရှိပါတယ်။ အဲဒီထဲကမှ လူတိုင်းကြိုက်နှစ်သက်တဲ့ အစားအသောက်နဲ့ မှတ်ဥာဏ်အားကောင်းစေတဲ့ အကြောင်းအရာကို ဝေမျှပေးချင်ပါတယ်။ ဘယ်လို အစားအသောက်တွေက မှတ်ဥာဏ်အားကောင်းစေတာပါလဲ။

Source: Chowhound

Omega 3  fatty acid ကြွယ်ဝတဲ့ ငါးစားသုံးတာက စိတ်ခံစားချက်နဲ့ မှတ်ဥာဏ်တွေအတွက် အလွန်ကို ကောင်းမွန်စေပါတယ်။ မှတ်ဥာဏ်ကိုလည်း ကောင်းမွန်တိုးတက်စေပြီး စိတ်ခံစားချက်တွေအတွက်လည်း  ကောင်းမွန်တဲ့ ငါးကို လူတိုင်းက စားသာစားနေကြပေမယ့် အကျိုးကျေးဇူးတွေကိုတော့ သတိမထားမိကြတာ များပါတယ်။

Source: Centro Vinoteca

ဦးနှောက်ရဲ့ဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်  ၂၀ ရာခိုင်နှုန်းနဲ့ စားသုံးလိုက်တဲ့ ကယ်လိုရီ ၂၀ရာခိုင်နှုန်းကို အသုံးပြုပါတယ်။ ဆဲလ်တစ်ခုက တခြားဆဲလ်တစ်ခုကို ဆက်သွယ်ဖို့ နာ့ဗ်အကြောဆုံ လေးသောင်းကျော်ကို ဖြတ်သန်းသွားရပြီး အဲဒီအတွက် စွမ်းအင်လိုပါတယ်။

Source: party.pl

အဲဒီအတွက် စွမ်းအင်ကို omega 3 fatty acid ကနေရရှိပြီး ငါးအမျိုးမျိုးစားသုံးခြင်းက လိုအပ်တဲ့ Omega fatty acid ကိုရရှိစေပါတယ်။ ငါးအပြင်  ဥအမျိုးမျိုး ၊ အစေ့အဆန် ၊ ပဲပုပ်နဲ့ သံလွင်ဆီဟာလည်း Omega fatty acid ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။