ဒီတပတ်တော့ တေးဂီတဟာ ကျန်းမာရေးကဏ္ဍမှာ အသုံးဝင်ပုံလေးကို ပြောပြပေးချင်ပါတယ်။ များသောအားဖြင့် ကျွန်မတို့လက်ခံထားတာက Music ကစိတ်ခံစားမှုကို ပြောင်းလဲစေတယ်ဆိုတာပါပဲ။ ဘယ်လိုအခါမျိုးမှာ ပိုသိသာလည်းဆိုတော့ ကိုယ်ကြိုက်တဲ့သီချင်းကိုနားထောင်ရတဲ့ အချိန်ဆိုကိုယ့် Mood ဟာ ချက်ချင်းပြောင်းလဲသွားတာပါပဲ။

Source: Shutterstock

ဒါဟာကိုယ်တွေ့အခြေအနေဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်ကတော့ Music ဟာစိတ်ခံစားမှုကို ပြောင်းလဲစေတာထက်ကို ပိုပါတယ်တဲ့။ ဘာလဲဆိုတော့ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးရနိုင်တာမျိုးပါ။ အခုပြောပြပေးမယ့် အချက်တွေက သင့်အတွက် တအံ့တသြဖြစ်စေမှာအမှန်ပါပဲ။

Source: Shutterstock

Austria Mental Health Charity မှာရဲ့ လတ်တလော ဆွေးနွေးပြီးရရှိသော Survey အရ Art & Music တေးဂီတကုထုံးဟာ အသုံးဝင်ဆုံးကုထုံးဖြစ်ကြောင်းတွေ့ရှိထားပါတယ်။ စိတ်ကျန်းမာရေးအတွက် ပြောရမယ်ဆိုရင်ဖြင့် တေးဂီတဟာ ဦးနှောက်အာရုံကြောနဲ့ သွေးလည်ပတ်မှုအားကို အထူးအထောက်အကူပြုပါတယ်။ စိတ်ခံစားမှုကိုထိန်းပေးတာဟာလည်း ဦးနှောက်ရဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်လို့ တေးဂီတဟာ စိတ်အခြေအနေကိုပြောင်းလဲစေနိုင်တာပဲဖြစ်ပါတယ်။

Source: Shutterstock

ကိုယ်ကျန်းမာရေးအတွက် ပြောရရင်တော့ ပထမအချက်အနေနဲ့ Chronic Back Pain ခံစားရတဲ့ ဝေဒနာသည်ကို သက်သာစေနိုင်ပါတယ်။ ဘယ်လိုကောင်းမွန်စေနိုင်သလဲဆိုတော့ တေးဂီတဟာ Tension ကိုလျော့ကျစေပါတယ်။ စိတ်ပိုင်းဆိုင်ရာပဲမဟုတ်ဘဲ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတင်းရင်းမှုကို ပြေပျောက်စေတာမျိုးဖြစ်ပါတယ်။

Source: Shutterstock

Austria’s General Hospital မှာလည်း ထိုရောဂါခံစားနေရသော ဝေဒနာသည်များကို တေးဂီတကုထုံးဖြင့် အနာသက်သာအောင် ကုသပေးနေပြီပဲဖြစ်ပါတယ်။ ဘယ်လို Music Type မျိုးနဲ့ကုသပေးနေလည်းဆိုတော့ Classic အမျိုးအစားပဲဖြစ်ပါတယ်။ Classic ထဲမှာမှတကယ့် ဂန္တဝင်စစ်စစ် Vocal မပါဘဲ Piano တီးလုံးသက်သက်ပဲဖြစ်တဲ့ Mozart တို့ Beethoven တို့ရဲ့ ငြိမ့်ညောင်းလှတဲ့ ဂီတကအထောက်အကူအဖြစ်ဆုံးလို့ပါ။