(Unicode)

ယနေ့ခေတ်လူငယ် အများစုဟာ တေးဂီတနဲ့ပတ်သက်ပြီး အတော်လေးရူးသွပ်ကြပါတယ်။ လူငယ်တွေပဲ တေးဂီတကိုကြိုက်ကြ၊ ခံစားတတ်ကြတာလားဆိုရင်တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ထိတွေ့ပါများလာလေ ပိုပြီးခုံမင်လာလေ ဆိုတဲ့အခြေအနေမျိုးကို ရည်ရွယ်ပြီးပြောချင်တာပါ။

အသက်အရွယ်ပေါ်မူတည်ပြီး နားဆင်တဲ့ သီချင်းအမျိုးအစားနဲ့ နားဆင်ပုံနားဆင်နည်းတွေပဲ ကွာခြားသွားတာပါ။ အရင်တုန်းကဆို တီဗီတွေ ရေဒီယိုတွေ ကနေတစ်ဆင့်နားထောင်ကြ၊ ကိုယ်နဲ့တစ်ပါတည်းယူဆောင်သွားနိုင်တဲ့ ဖုန်းတွေ အလွယ်တကူနားထောင်နိုင်တဲ့ ကိရီယာတွေမရှိသေးတော့ သူအချိန်နဲ့သူပဲနားထောင်ရတာဆိုတော့ ရူးသွပ်မှုအတိုင်းအတာထိ သိပ်မရောက်ကြပါဘူး။ နောက်ပိုင်း  Walkman ၊ MP3 ၊  MP4 ၊ Ipod ၊ ဖုန်း စတဲ့ အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ပစ္စည်းတွေပေါ်လာတော့ လူတွေဟာဂီတကိုပိုပြီးခံစားတတ်လာကြပါတယ်။

ဒီနေ့ခေတ်မှာတော့ ကလေးတွေကအစ လူလတ်ပိုင်းအထိ လမ်းသွားရင် နားကြပ်တွေနဲ့ နေရာတိုင်းလိုလိုမှာလည်းတွေ့နေရပါတယ်။ နောက်ပြီး Music Concert တွေကိုလည်း Local ကနေ International ထိ ကြိုက်နှစ်သက်ရာ သွားရောက် နားထောင်နိုင်တော့ လူတွေအပေါ်မှာ တေးဂီတရဲ့လွှမ်းမိုးမှုဟာ ဘယ်လောက်ထိကြီးလာလဲဆိုတာကို မှန်းဆလို့ရမှာဖြစ်ပါတယ်။ တစ်ချို့ဆိုဝါသနာကနေပြီး Professional အဖြစ်ပါ အသက်မွေးလာကြပါတယ်။ ဘာလို့လဲဆိုတော့ ဝါသနာနဲ့ အလုပ်အကိုင်ထပ်တူကျဖို့ကိစ္စဟာ ရှားပါတယ်။

ဒီအရာကို အနုပညာဂီတသမားတွေကတော့ ရရှိပါတယ်။ တေးဂီတဟာ စိတ်ကျန်းမာရေးအတွက် အတော်ကောင်းပါတယ်။ လူတွေဘာလို့ဂီတကို ရူးသွပ်ရလဲဆိုတာ ဒီအချက်ကြောင့်ပါ။ တနေ့လုံးပင်ပန်းနေတာတွေက သီချင်းနားထောင်လိုက်တာနဲ့ မြူးကြွသွားသလိုပဲ Music Live Concert တွေကိုယ်တိုင်သွားကြည့်ရင် တပတ်တာလုံးအတွက် စိတ်ခံစားချက်ကောင်းတွေပေးနိုင်လို့ပါ။ အထီးကျန်သလိုခံစားနေရပြီး ဘယ်အရာကြောင့်ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျတဲ့အခါ တေးဂီတက သင့်အတွက် အကောင်းဆုံးကုထုံးပါပဲ။

(Zawgyi)

ယေန႔ေခတ္လူငယ္ အမ်ားစုဟာ ေတးဂီတနဲ႔ပတ္သက္ျပီး အေတာ္ေလး႐ူးသြပ္ၾကပါတယ္။ လူငယ္ေတြပဲ ေတးဂီတကိုၾကိဳက္ၾက၊ ခံစားတတ္ၾကတာလားဆိုရင္ေတာ့ မဟုတ္ပါဘူး။ သို႔ေပမယ့္ ထိေတြ႕ပါမ်ားလာေလ ပိုျပီးခံုမင္လာေလ ဆိုတဲ႔အေျခအေနမ်ိဳးကို ရည္ရြယ္ျပီးေျပာခ်င္တာပါ။

အသက္အရြယ္ေပၚမူတည္ျပီး နားဆင္တဲ႔ သီခ်င္းအမ်ိဳးအစားနဲ႔ နားဆင္ပံုနားဆင္နည္းေတြပဲ ကြာျခားသြားတာပါ။ အရင္တုန္းကဆို တီဗီေတြ ေရဒီယိုေတြ ကေနတစ္ဆင့္နားေထာင္ၾက၊ ကိုယ္နဲ႔တစ္ပါတည္းယူေဆာင္သြားႏိုင္တဲ႔ ဖုန္းေတြ အလြယ္တကူနားေထာင္ႏိုင္တဲ႔ ကိရီယာေတြမရွိေသးေတာ့ သူအခ်ိန္နဲ႔သူပဲနားေထာင္ရတာဆိုေတာ့ ႐ူးသြပ္မႈအတိုင္းအတာထိ သိပ္မေရာက္ၾကပါဘူး။ ေနာက္ပိုင္း  Walkman ၊ MP3 ၊  MP4 ၊ Ipod ၊ ဖုန္း စတဲ႔ အလြယ္တကူသယ္ေဆာင္သြားႏိုင္တဲ့ပစၥည္းေတြေပၚလာေတာ့ လူေတြဟာဂီတကိုပိုုျပီးခံစားတတ္လာၾကပါတယ္။

ဒီေန႔ေခတ္မွာေတာ့ ကေလးေတြကအစ လူလတ္ပိုင္းအထိ လမ္းသြားရင္ နားၾကပ္ေတြနဲ႔ ေနရာတိုင္းလိုလိုမွာလည္းေတြ႕ေနရပါတယ္။ ေနာက္ျပီး Music Concert ေတြကိုလည္း Local ကေန International ထိ ၾကိဳက္ႏွစ္သက္ရာ သြားေရာက္ နားေထာင္ႏိုင္ေတာ့ လူေတြအေပၚမွာ ေတးဂီတရဲ႕လႊမ္းမိုးမႈဟာ ဘယ္ေလာက္ထိၾကီးလာလဲဆိုတာကို မွန္းဆလို႔ရမွာျဖစ္ပါတယ္။ တစ္ခ်ိဳ႕ဆိုဝါသနာကေနျပီး Professional အျဖစ္ပါ အသက္ေမြးလာၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ ဝါသနာနဲ႔ အလုပ္အကိုင္ထပ္တူက်ဖို႔ကိစၥဟာ ရွားပါတယ္။

ဒီအရာကို အႏုပညာဂီတသမားေတြကေတာ့ ရရွိပါတယ္။ ေတးဂီတဟာ စိတ္က်န္းမာေရးအတြက္ အေတာ္ေကာင္းပါတယ္။ လူေတြဘာလို႔ဂီတကို ႐ူးသြပ္ရလဲဆိုတာ ဒီအခ်က္ေၾကာင့္ပါ။ တေန႔လံုးပင္ပန္းေနတာေတြက သီခ်င္းနားေထာင္လိုက္တာနဲ႔ ျမဴးၾကြသြားသလိုပဲ Music Live Concert ေတြကိုယ္တိုင္သြားၾကည့္ရင္ တပတ္တာလံုးအတြက္ စိတ္ခံစားခ်က္ေကာင္းေတြေပးႏိုင္လို႔ပါ။ အထီးက်န္သလိုခံစားေနရျပီး ဘယ္အရာေၾကာင့္ပဲျဖစ္ျဖစ္ စိတ္ဓာတ္က်တဲ့အခါ ေတးဂီတက သင့္အတြက္ အေကာင္းဆံုးကုထံုးပါပဲ။