လူတွေဟာ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့်လည်း ချမ်းသာတဲ့ဒဏ်ကိုတော့ မခံနိုင်ကြတာများပါတယ်။ ဆင်းရဲချိန်မှာ ဘယ်လို အပင်ပန်းခံရပါစေ။ ခံနိုင်ရည်အပြည့်ရှိကြပေမယ့် ချမ်းသာလာတဲ့အခါမှာတော့ ချမ်းသာလာတဲ့ စည်းစိမ်ဒဏ်ကို မခံစားနိုင်တော့ဘဲ ဒုက္ခရောက်ကြတာများပါတယ်။

Source: Mother Jones

လေ့လာချက်များအရ မြန်မာလူမျိုးများကသာ၍ဆိုးပါတယ်

Source: Lifehack

ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများအရတော့  မြန်မာလူမျိုးတော်တော်များများဟာဆင်းရဲတဲ့ဒဏ်ကို ကြိုးစားခံနိုင်ကြပေမယ့်လည်း ချမ်းသာတဲ့ဒဏ်ကိုတော့ မတွန်းလှန်နိုင်ကြပါ။ များသောအားဖြင့် ပင်ပန်းဆင်းရဲကြီးစွာ ရှာဖွေရုန်းကန် နိုင်သော်လည်း ချမ်းသာလာချိန်တွင်တော့ အောက်ခြေလွတ်သွားကြတာများပါတယ်။

ဘယ်အရာမှ မမြဲပါ။

Source: MoneySense

လူတွေဟာ တခါချမ်းသာလာပြီဆိုရင်  တသက်လုံး ချမ်းသာမှုမြဲမြံနေမယ်လို့ ထင်မှတ်မှားကြပါတယ်။ မသိစိတ်ထဲမှာ ကိုယ့်လက်ထဲက စည်းစိမ် ၊ အာဏာတွေဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ဘူးလို့ ထင်နေကြတာပါ။

အောက်ခြေလွတ်တတ်သူများအကြောင်း

Source: The Cut

စည်းစိမ်တွေ ၊ အာဏာတွေပိုင်ဆိုင်လာတဲ့ အခါ လူတွေဟာ အောက်ခြေလွတ်  မောက်မာတတ်လာကြပါတော့တယ်။  ပတ်ဝန်းကျင်ကို ထီမထင်ပြုတတ်လာတတ်ကြပါတယ်။ လေသံနဲ့ အပြုအမူတွေလည်း တင်းမာလာတတ်ပြီး  ပြင်ပအသိုင်းအဝိုင်းသာမက ဇနီးခင်ပွန်းတို့ကိုပင် မောက်မာချင်လာပါတယ်။

Source: The Cut

ဒီလိုတွေ လုံးဝအဖြစ်မခံဘဲ ကိုယ့်ရဲ့ စည်းစိမ်ကို တိုးပွားသထက် တိုးပွားအောင် ကြံဆောင်ရမှာဖြစ်ပါတယ်။