လူတိုင်းဟာ အပေါင်းအသင်းနဲ့ဖြစ်စေ၊ ချစ်သူ မိသားစုနဲ့ဖြစ်စေ၊ ပျော်ပျော်ပါးပါး ဘ၀ကို နေထိုင်ဖြတ်သန်းချင်ကြပါတယ်။ ဒါပေမယ့် တချို့ အမျိုးသားတွေဟာ တစ်ဦးထဲ သီးသန့်ရှင်သန်နေထိုင်နေကြရပါတယ်။

ဘာကြောင့်လဲဆိုတဲ့ အဖြေကိုတော့ Cyprus နိုင်ငံ၊ Nicosia တက္ကသိုလ်က သုတေသန ပြုလုပ်ရှာဖွေခဲ့ပါတယ်။

ကိုယ့်ဥပဓိရုပ်ကို ကျေနပ်အားရမှုမရှိခြင်း။

Source: psychologytoday.com

တချို့အမျိုးသားတွေဟာ ကိုယ့်ရုပ်ဆင်းအင်္ဂါအပေါ်မှာ အားငယ်စိတ် ၊ သိမ်ငယ်စိတ်ဝင်တတ်ကြပါတယ်။ ဥပမာ- အရွယ်မတိုင်မှီ ဆံပင်များကျဲပါးနေခြင်း ၊ အရပ်အမောင်း အလွန်ပုနေခြင်း၊ သာမန်ထက် ကိုယ်အလေးချိန်မြင့်တက်နေခြင်း စတဲ့အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု လျော့ပါးနေခြင်း။

Source : tntportal.ba

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မိမိကိုယ်ကိုမိမိ ယုံကြည်မှုရှိနေဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေမှာ ဦးဆောင်နေတဲ့သူတွေအဖို့ Confidence ရှိဖို့က မဖြစ်မနေလိုအပ်ပါ တယ်။ ဒါပေမယ့်တချို့ အမျိုးသားတွေဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိကြပါဘူး။ ဒီအချက်ဟာ သူတို့ကို တစ်ဦးတည်းဖြစ်စေတဲ့ အကြောင်းအချက်တစ်ခု ဖြစ်နေပါတယ်။

အားစိုက်ထုတ်မှု လျော့နည်းခြင်း။

Source: MalayalamEmagazine.com

အဆိုးဝါးဆုံးအချက်လို့ ပြောလို့ရပါတယ်။ လူတိုင်းဟာ ကိုယ့်ဘ၀ကို အဆင့်မြင့်မားတိုးတက်ဖို့အတွက် ဘက်ပေါင်းစုံမှာ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။ တချို့အမျိုးသားတွေဟာ အဆိုပါ အားစိုက်ထုတ်မှုတွေမှာ လျော့နည်းနေတတ်ပါတယ်။ ရှင်းရှင်းပြောရလျင် အပျင်းကြီးနေတတ်ပါတယ်။ ဒါဟာ သူတို့ကို တစ်ဦးတည်း အထီးကျန်ဖြစ်စေနိုင်တဲ့ အရေးကြီးတဲ့အချက်တစ်ခုပဲ ဖြစ်ပါတယ်။

Relationship ကိုစိတ်မ၀င်စားခြင်း။

Source: psychologytoday.com

အရွယ်ရောက်သူတိုင်းဟာ ဘ၀အတွက် လက်တွဲဖော်ကို လိုချင်တောင့်တတတ်ကြပါတယ်။ ဒါပေမယ့် တချို့အမျိုးသားတွေကတော့ သူတို့ရဲ့ဘ၀မှာ Relationship ထားရှိဖို့ မလိုအပ်ဘူးလို့ ယူဆထားကြပါတယ်။ ဒါ ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်ကြောင့်လည်း ဖြစ်နိုင်သလို ခန္ဓာကိုယ်က ဟောမုန်းဓတ်တွေကြောင့် လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ဒီအချက်ဟာ အမျိုးသားတွေရဲ့ ဘ၀ကို အကြီးမားဆုံး အထီးကျန်မှု တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်မှု အားနည်းခြင်း။

Source: psychologytoday.com

တချို့အမျိုးသားတွေကတော့ အထက်ပါအချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ သူတို့ကိုယ်တိုင်က Relationship ကိုအလိုရှိကြပေမယ့် အားမထုတ်တဲ့အပြင် တဖက်က မိန်းကလေးတွေက သူတို့ကိုစိတ်မ၀င်စားကြပါဘူး။ သူတို့မှာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အချက်တွေ ပျောက်ကွယ်နေလို့ပဲဖြစ်ပါတယ်။  ဥပမာ- မိန်းကလေးတွေအကြိုက်ကို မသိတတ်ခြင်း၊ သူတို့ကိုယ်တိုင်က မိန်းကလေးတွေ ကြွေဆင်းနိုင်တဲ့ စတိုင်များကို မလေ့လာမိခြင်းတွေပါပဲ။