ခေါင်းစဉ်ဖတ်လိုက်တာနဲ့ ဘာကြီးလဲလို့ ဇဝေဇဝါဖြစ်ပြီး ကိုယ့်ရင်ဘတ်ကို ငုံ့ကြည့်ကြမယ်ထင်ပါတယ်။ ပုရိသတွေ ဘဝမှာ ရင်ဘတ်နေရာကို သေသေချာချာ ဂရုစိုက်ခဲ့ဖူးပါသလား။ မစိုက်ခဲ့ဘူးဆိုရင်တော့ ခုကစပြီး ရင်ဘတ်နေရာကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Source: AskMen

လည်ပင်းနဲ့ ရင်ဘတ်နေရာတွေကို ဂရုစိုက်ပေးပါ။ ရင်ဘတ် တင်မကပါဘူး လည်ပင်းနေရာကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်။ ဒီနေရာတွေဟာ မျက်နှာရဲ့ ကျန်းမာရေးအတွက်  တစ်နည်းတဖုံ ထောက်ပံ့ပေးနေတဲ့ နေရာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် အသားအရေထဲက အထိခိုက်အလွယ်ဆုံး အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

Source: AskMen

ဘာတွေအဖြစ်များသလဲ။ ဒီိလို ရင်ဘတ်နေရာနဲ့ လည်ပင်းနေရာတွေဟာ ခြောက်သွေ့ခြင်းတွေ ၊ အရေးအကြောင်းတွေနဲ့ နေလောင်ဒဏ်တွေ အပေါ်လွင်ဆုံး အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်အဲဒီ ဧရိယာတွေကို နုပျိုစေဖို့နဲ့ အပြစ်အနာအဆာကင်းဆင်စေဖို့ စနစ်ကျတဲ့ထိန်းသိမ်းစောင့်ရှောင့်မှုတွေ လိုအပ်ပါတယ်။

Source: AskMen

လည်ပင်းနဲ့ ရင်ဘတ်နေရာတွေကို သတိထားဂရုစိုက်ခိုင်းတာဟာ အလှအပတွေကြောင့် မဟုတ်ဘဲ ကျန်းမာရေးနဲ့ အသားအရေအတွက် ဖြစ်တယ်ဆိုတာ ဂရုပြုစေချင်ပါတယ်။ ဒါမှ အသက်အရွယ်ကြီးရင့်လေ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်စေဖို့ လည်ပင်း နဲ့ ရင်ဘတ်နေရာတွေကို ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။