ခန္ဓာကိုယ်ရဲ့အရေးအကြီးတဲ့ အစိတ်အပိုင်းတွေထဲမှာ သွားတွေလည်း ပါဝင်ပါတယ်။ သွားမကောင်းတဲ့အခါ ဆိုးဝါးတဲ့ဝေဒနာကိုခံစားရမှာဖြစ်ပြီး အမျိုးသားတစ်ယောက်အနေနဲ့ ခန့်ညားမှုတွေလည်းဆုံးရှုံးရမှာဖြစ်ပါတယ်။ သွားတွေဖြူစင်လှပနေတဲ့အခါ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေပြီး ပြုံးလိုက်တိုင်းဆွဲဆောင်မှုအပြည့်နဲ့ စတိုင်ကျနေနိုင်တာပေါ့။
သွားတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအသောက်များ
Source: Bloating Tips
အစားအသောက်တွေစားသုံးတဲ့အခါမှာ သွားတွေဟာမရှိမဖြစ်လိုအပ်ပါတယ်။ ဒီလိုအရေးပါတဲ့သွားတွေကို ဂရုစိုက်ထိန်းသိမ်းတဲ့နေရာမှာတော့ အမှတ်တမဲ့နဲ့ သတိမမူမိဖြစ်တတ်ပါတယ်။ အချိုမုန့်များ၊ ချောကလက်များ၊ သကြားလုံးများစတဲ့ အစားအစာတွေကသွားတွေကိုထိခိုက်စေနိုင်ပါတယ်။
အန္တရာယ်အပေးနိုင်ဆုံးအစားအသောက်များ
Source: Medium
အဓိကအန္တရာယ်အပေးဆုံးကတော့ သင်တို့နေ့တိုင်းနီးပါးသောက်သုံးနေတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အနီရောင်ဝိုင်တွေပဲဖြစ်ပါတယ်။ ၄င်းတို့ကိုသောက်သုံးခြင်းဖြင့် သွားရဲ့အပေါ်ယံကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။
ဖြူစင်ခိုင်ခံ့တဲ့သွားတွေဖြစ်ဖို့ ဘာတွေလိုအပ်လဲ
Source: Huffington Post Australia
သင်တို့နေ့စဉ်သုံးစွဲနေတဲ့ သွားတိုက်ဆေးတွေက သွားတွေရဲ့သန့်ရှင်းရေးကို အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် ဖြူစင်တောက်ပမှုကိုတော့ ပေးစွမ်းနိုင်မှုအားနည်းပါလိမ့်မယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဟာ သွားတွေဖြူစင်ဖို့အတွက် အကောင်းဆုံးအထောက်အကူပေးနိုင်ပါတယ်။
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်
Source: Instructables
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အနည်းဆုံး ၀.၁ ရာခိုင်နှုန်းပါဝင်တဲ့ သွားတိုက်ဆေးမျိုးကို ရွေးချယ်အသုံးပြုပေးသင့်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ဟာ သင့်သွားတွေမှာရှိတဲ့ ဂျီးညှော်တွေကို အမြင့်ဆုံးဖယ်ရှားပေးပြီး ဖြူစင်မှုတွေကိုပေးစွမ်းနိုင်ပါလိမ့်မယ်။