တစ်စထက်တစ်စ ပိုပိုဆိုးလာတဲ့ ခရမ်းလွန်ရောင်ခြည်တွေက ကိုယ့်ရဲ့အလှအပတွေကို ဖျက်ဆီးနေတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ခန္ဓာကိုယ်အတွက်ရော၊ ကျန်းမာရေးအတွက်ရော ဆိုးကျိုးတွေကိုဖြစ်ပေါ်စေမယ့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ ခုခံကာကွယ်ကြမလဲ။

ခရမ်းလွန်ရောင်ခြည်

Source: library.davisvision.com

နေကထွက်တဲ့အလင်းထဲမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည်နဲ့ မျက်စိနဲ့မြင်နိုင်တဲ့ အလင်းရောင်ခြည်ဆိုပြီး (၃) မျိုးရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ အလင်းထက် လှိုင်းအလျားပိုတိုပါတယ်။ လူတွေမြင်နိုင်တဲ့ ခရမ်းရောင်ထက် ကြိမ်နှုန်းနဲ့လိုင်းအလျားတို့ သာလွန်နေတဲ့အတွက် ခရမ်းလွန်ရောင်ခြည်လို့ ခေါ်ဆိုရခြင်းဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ရဲ့ဆိုးကျိုးများ

Source: Medical Daily

ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တတ်တဲ့ ဆိုးကျိုးတွေထဲက အဖြစ်အများဆုံးကတော့ အသားအရည်ထိခိုက်ပျက်စီးခြင်းပဲဖြစ်ပါတယ်။ မျက်စိတိမ်စွဲတာတွေ၊ ခုခံအားကျဆင်းတာတွေဖြစ်တတ်ပြီး အဆိုးဆုံးအနေနဲ့ အရေပြားကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ခြင်းပါပဲ။

ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်မယ်

Source: artikel.pricearea.com

ပြင်းထန်လှတဲ့ခရမ်းလွန်ရောင်ခြည်ကို စနစ်တကျခုခံကာကွယ်ဖို့ လိုအပ်ပါတယ်။ နေအရမ်းပြင်းလွန်းတဲ့ နေ့လည်ခင်းအချိန်တွေကို အပြင်ထွက်ခြင်းရှောင်ကြည်သင့်ပါတယ်။ မဖြစ်မနေအပြင်ထွက်ရရင် ခန္ဓာကိုယ်ကို နေရောင်ခြည်ထိခိုက်မှုနည်းအောင် ကာကွယ်သွားသင့်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီလက်ရှည်အပါးလေးဝတ်ပါ။ နေလောင်ကာခရင်မ်လိမ်းပါ။ နေပူထဲထွက်မယ်ဆိုရင် ထီးတို့ ဦးထုပ်တို့ ယူသွားဖို့ မမေ့ပါနဲ့။