ဒီတစ်ပတ်မှာတော့ ဥရောပလိဂ်အသီးသီးမှာ ဘယ်အသင်းတွေ ဗိုလ်ဆွဲသွားနိုင်လဲဆိုတာကို ခန့်မှန်းပြောကြားပေးသွားမှာဖြစ်ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ၊ စီးရီးအေနဲ့ ပြင်သစ်လိဂ်တို့ပါဝင်လာမှာဖြစ်ပါတယ်။

(၁) မန်စီးတီး

Source: Quora

မန်စီတီးအသင်းဟာတော့ ပရီးမီးယားလိဂ်မှာ ဗိုလ်ဆွဲဖို့ အလားအလာအကောင်းဆုံးပါပဲ။ မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ဒုတိယနေရာက မန်ယူအသင်းကို (၁၈) မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ တောင့်တင်းတဲ့ လူစာရင်းရှိပြီး ယခုနှစ်မှာလည်း လူဝယ်ယူမှုတွေနဲ့ ရင်းနှီးမြုပ်နှံထားတာဖြစ်ပါတယ်။ နည်းပြဂွာဒီယိုလာရဲလက်အောက်မှာတော့ မန်စီးတီးအသင်းဟာ တော်တော်လေးကို ကောင်းမွန်ပြီး ကစားပုံအရလည်း ထက်မြတ်လာတာဖြစ်ပါတယ်။ သူကို ယှဉ်နိုင်တဲ့ တစ်ခုတည်းသော အသင်းကတော့ လီဗာပူးပဲရှိပါတော့တယ်။ မန်စီးတီးအသင်းဟာတော့ ပရီးမီးယားလိဂ်မှာ ဗိုလ်ဆွဲနိုင်ချေများပါတယ်။

(၂) PSG

Source: Quora

PSG အသင်းဟာလည်း ပြင်သစ်ရဲ့ ဂျုဗင်တပ်စ်ဖြစ်လာပါပြီ။ ယှဉ်ပြိုင်ကစားစရာ အင်အားကြီးအသင်းမရှိဘဲ တောင့်တင်းလှတဲ့လူစာရင်းကြောင့် လိဂ်မှာ ချန်ပီယံဖြစ်ဖို့ဟာ လွယ်ကူလွန်းနေပါတယ်။ နေမာ၊  ဘာပေးစတဲ့ ကစားသမားတွေပါပိုင်ဆိုင်ထားတဲ့အတွက် ချန်ပီယံဆုကို အေးဆေးလေးရနိုင်ပါတယ်။

(၃) ဘာစီလိုနာ

Source: Quora

လာလီဂါကတော့ အနည်းငယ်ပြောရခက်ပါတယ်။ ရော်နယ်ဒိုထွက်သွားပြီး အသင်းအထိုင်ပျက်နေတဲ့ ရီးရဲလ်ထက် ဘာစီလိုနာက ချန်ပီယံဆုနဲ့ပိုမိုထိုက်တန်တယ်လို့တော့ထင်ပါတယ်။ ကစားသမားစုဖွဲပုံမှာလည်း ဘာစီလိုနာက ပိုသာနေပြီး ဖလားကို သိမ်းပိုက်နိုင်ခြေများနေပါတယ်။ ဘယ်သူရမလဲဆိုတာတော့ ရင်ခုန်ဖို့ကောင်းပါတယ်။

(၄) ဂျူဗင်တပ်စ်

Source: Quora

သူဟာလည်း စီးရီးအေမှာတစ်ကောင်ထဲပြေးနေတဲ့ ကျားတစ်ကောင်ပါပဲ။ တောင့်တင်းလှတဲ့ လူစာရင်းမှာရော်နယ်ဒိုပါပါဝင်လာလို့ ဖလားရနိုင်ချေများပါတယ်။

(၅) ဘိုင်ယန်မြူးနစ်

Source: Quora

သူဟာလည်း မဟာပြိုင်ဘက်ဖြစ်တဲ့ ဒေါ့မွန်ထက်ယခုအချိန်မှာ အစစအရာရာသာလွန်နေတာဖြစ်ပါတယ်။