ယခုဆိုရင်တော့ အမျိုးသားတွေတင်သာမက အမျိုးသမီးတွေကပါ ဘောလုံးကစားခြင်းကို နှစ်သက်လာကြပါပြီ။ အမျိုးသမီးဘောလုံးသမားအရေအတွက်လည်း များစွာပေါ်ထွက်လာတာဖြစ်ပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ကျင်းပလာကြပါပြီ။ ထိုကမ္ဘာ့ဖလားဟာလည်း အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲလိုပဲ ပြိုင်ဆိုင်မှုပြင်းထန်လှတာဖြစ်ပါတယ်။
Source: sillyseason.com
ကဲ့အမျိုးသမီးကမ္ဘာ့ဖလားအကြောင်း တစ်ချက်ခြေရာခံကြည့်ရအောင်။ ပြိုင်ပွဲကိုတော့ (၁၉၉၁) ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ အမျိုးသားပြိုင်ပွဲတွေလိုပဲ လေးနှစ်တစ်ကြိမ်ကျင်းပတာဖြစ်ပါတယ်။ အမျိုးသားအမျိုးသမီးတန်တူညီမျှမှုကို ဖော်ချွန်းတဲ့ ပြိုင်ပွဲတစ်ရပ်လည်းဖြစ်ပါတယ်။ နောက်ဆုံးကျင်းပခဲ့တဲ့ ခုနှစ်ကတော့ (၂၀၁၅) ခုနှစ်ပါ။ နောက်ထပ် ကမ္ဘာ့ဖလားကိုတော့ (၂၀၁၉) ရောက်မှ ရှုစားရတော့မှာပါ။ အမျိုးသမီးကမ္ဘာ့ဖလားရရှိခဲ့တဲ့အသင်းတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
Source: dailyhive.com
(၁၉၉၁) ကမ္ဘာ့ဖလားချန်ပီယံ – အမေရိကန်အမျိုးသမီးအသင်း
(၁၉၉၅) ကမ္ဘာ့ဖလားချန်ပီယံ- နော်ဝေအမျိုးသမီးအသင်း
(၁၉၉၉) ကမ္ဘာ့ဖလားချန်ပီယံ- အမေရိကန်အမျိုးသမီးအသင်း
(၂၀၀၃) ကမ္ဘာ့ဖလားချန်ပီယံ- ဂျာမနီအမျိုးသမီးအသင်း
(၂၀၀၇) ကမ္ဘာ့ဖလားချန်ပီယံ- ဂျာမနီအမျိုးသမီးအသင်း
(၂၀၁၁) ကမ္ဘာ့ဖလားချန်ပီယံ- ဂျပန်အမျိုးသမီးအသင်း
(၂၀၁၅) ကမ္ဘာ့ဖလားချန်ပီယံ- အမေရိကန်အမျိုးသမီးအသင်း
Source: bangkokbobbysports.wordpress.com
အမေရိကန်အမျိုးသမီးအသင်းကတော့ အအောင်မြင်ဆုံးအသင်းလို့ပြောရမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဆုကို သုံးကြိမ်တိုင်ရရှိထားတာပါ။ (၂၀၁၉) တွင်ရောဘယ်သူတွေရသွားမှာလဲ။