Tomorrowland ဆိုတာ ကမ္ဘာ့တစ်ဝန်းက EDM ချစ်လူငယ်၊ လူကြီးတိုင်းရဲ့ နိဗ္ဗာန်ဘုံပါ။ ကမ္ဘာ့အနှံအပြားမှာ ကျင်းပလေ့ရှိပြီး Raver တွေအတွက်တော့ လုံးဝကို သုခဘုံပါပဲ…ဒီနေ့မှာတော့ Tomorrowland ရဲ့ထူးခြားချက်လေးတွေကိုပြောပြပေးသွားပါမယ်နော်။

Source: edmsauce.com

EDM ပိုးတွေမထခင်လောက်တုန်းက (၂၀၀၄) ခုနှစ်မှာ Tomorrowland ကို ဘယ်ဂျီယံမှာ စပြီးကျင်းပခဲ့ပါတယ်။ ထိုအခါက ၀င်ကြေးအခမဲ့ဆိုရင် အားလုံးအံသြသွားကြမှာပါ။ လူလည်းအနည်းငယ်ပဲ ရှိခဲ့ပါတယ်။

ထိုပွဲမှာ လုံးဝကို ဆေးသုံးစွဲခွင့်မပေးပါဘူး။ Music တွေရဲ့ ကမြူးနိုင်စွမ်းက အနှိုင်းမဲ့ရှိတဲ့နေရာမှာ ဆေးသုံးစွဲခွင့်မပေးတာ တရားမျှတပါတယ်။

Tomorrowland မှာချားရဟတ်ကြီးတွေလည်း တစ်ခါတစ်ရံထည့်ဆောက်တတ်ပါတယ်။

Source: edmsauce.com

ထိုပွဲမှာ ကိုယ်ပေါ်မှာ အလှဆင်တာတွေ၊ ဆေးမှင်နဲ့ အလှဆင်တာတွေလည်း ခေတ်စားပါတယ်။

(၂၀၁၂) ခုနှစ်မှာတော့ လက်မှတ်တွေရောင်းချတဲ့ Sever ကြီးပျက်ကျတဲ့အထိ လူတွေရဲ့ လက်မှတ်ဝယ်ယူမှုနှုန်းက မြင့်တတ်ခဲ့ပါတယ်။

Tomorrowland စင်မြင့်တွေနားမှာ စာကြည့်တိုက်ငယ်လေးတွေလည်း ဆောက်လုပ်ပေးထာပါသေးတယ်။

Source: edmsauce.com

Source: edmsauce.com

ထိုပွဲဟာ Best Music Event ဆုကို ရရှိခဲ့တဲ့အထိကို အောင်မြင်မှုသရဖီများစွာဆောင်းနိုင်ခဲ့ပါတယ်။

Tomorrowland ဟာ နှစ်စဉ်ကျင်းပနေကြဖြစ်ပြီး အောင်မြင်မှုများစွာလည်း ယူဆောင်နေတုန်းပါပဲ… ဘ၀ရဲ့ အနှစ်သာရအစုံကိုပေးစွမ်းနိုင်ပြီး လူသားတွေရဲ့ ပျော်ရွင်မှုကိုပေးနိုင်တာကတော့ ထိုပွဲပါပဲ။