ဘောလုံးကစားခြင်းဆိုတာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ ကစားလို့မရပါဘူး။ အားလုံးစုံစုံလင်လင် စည်းစည်းလုံးလုံးကစားမှသာ အောင်မြင်မှုကို ရယူနိုင်မှာဖြစ်ပါတယ်။ ဘောလုံးကွင်းတစ်ကွင်းမှာတော့ ကွင်းလယ်ကစားသမားတွေဟာ အသက်ဖြစ်ပါတယ်။ ကွင်းလယ်ဟာ အသင်းတစ်သင်းရဲ့ အင်ဂျင်ပါ။ သမိုင်းတစ်လျှောက်အကောင်းဆုံးကွင်းလယ်ကစာသမား (၃) ယောက်ကို ဖော်ပြလိုက်ရပါတယ်။

Johan Cruyff

သူဟာတော့ နယ်သာလန်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ အလိမ်အခေါက်စွမ်းရည်ကောင်းမွန်လှပြီး တိုက်စစ်သို့ လိုက်ပါချိတ်ဆက်နိုင်မှုကလည်း ကမ္ဘာအဆင့်မှီပါပဲ။ သူဟာ နယ်သာလန်အသင်းနဲ့ ဘာစီလိုနာအသင်းတွေရဲ့ ကွင်းလယ်အင်ဂျင်ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဂန္တ၀င်ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာဆုဖလားများစွာကို ရရှိခဲ့ပါတယ်။ အေဂျက်၊ ဘာစီလိုနာအသင်းတွေနဲ့အတူ ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်တိုင်တိုင်ရယူနိုင်ခဲ့ပါတယ်။

Diego Maradona

Source: football-bible.com

မာရာဒိုနာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ နာမည်ကြီးကစားသမားတစ်ယောက်ဖြစ်ပြီး၊ အင်္ဂလန်ဂိုးပေါက်ကို လက်နဲ့ဂိုးသွင်းယူအပြီးမှာတော့ သူ့နာမည်ဟာ ကမ္ဘာအ၀န်းပျံနှံသွားခဲ့ပါတယ်။ သူဟာ ပီလီနဲ့ခေတ်ပြိုင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာ၊ နာပိုလီအစရှိတဲ့အသင်းတွေမှာကစားခဲ့ပါတယ်။

Michel Platini

Source: football-bible.com

သူကိုတော့ UEFA ရဲ့ အကြီိးအကဲတစ်ယောက်အနေနဲ့ လူသိများလှပါတယ်။ သူနုပျိုစဉ်ဘောလုံးသမားဘ၀ကတော့ ကမ္ဘာအကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဖရီးကစ်စကေးလည်းကောင်းမွန်လှပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းတွင်လည်း ဂိုးအများအပြားသွင်းယူပေးခဲ့ပါတယ်။ 1984 European Championships ပြိုင်ပွဲ ရဲ့ ဂိုးသွင်းအများဆုံးဆုကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ Ballon d’Or ဆုကို (၁၉၈၃) နဲ့ (၁၉၈၅) ခုနှစ်တွေမှာ ရရှိခဲ့ပါတယ်။