Banksy ဆိုတာဟာ တကယ်တော့ အနုပညာနာမည်တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့အမည်ရင်းကိုသိုဝှက်ထားတဲ့ နာမည်ကျော်အနုပညာရှင်ကြီးတစ်ဦးရဲ့ အကြောင်းကိုပြောပြပေးချင်ပါတယ်။

Banksy ရဲ့ခရီးအစ

Source: Street Art Bio

၁၉၉၀ခုနှစ်ခန့်က အင်္ဂလန်နိုင်ငံမှာ နာမည်ကျော်ဂရပ်ဖစ်တီအနုပညာရှင်တစ်ဦး ပေါ်ထွန်းခဲ့ပါတယ်။ သူ့နာမည်ရင်းကိုသိုဝှက်ပြီး Banksy ဆိုတဲ့နာမည်နဲ့ အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ Banksy ဟာ ဂရပ်ဖစ်တီအပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။

Banksy ရဲ့လှုပ်ရှားမှုများ

Source: Street Art Bio

Banksy ဟာနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့အတွက် နိုင်ငံရေးအမြင်တွေကို လူထုဆီချပြတဲ့နေရာမှာ နံရံပန်းချီတွေကို အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင်တခြားပန်းချီပညာရှင်တွေ၊ ဂီတအနုပညာရှင်တွေနဲ့လည်း ပူးပေါင်းခဲ့ပါတယ်။

Banksy ရဲ့အောင်မြင်မှုများ

Source: Street Art Bio

၂၀၁၀ခုနှစ်မှာ “The World’s First Street Art Disaster Movie” ဆိုတဲ့ခေါင်းစဉ်နဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားကို Sundance ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပါတယ်။ အဆိုပါမှတ်တမ်းရုပ်ရှင်ကို မတ်လ၊ ၅ရက်နေ့မှာ အင်္ဂလန်နိုင်ငံမှာပြသခဲ့ပြီး ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလမှာတော့ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်အဖြစ် ကြေညာခြင်းခံခဲ့ရပါတယ်။