ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ မကြာခင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဘောလုံးချစ်ပရိသတ်အားလုံးလည်း ရင်ခုန်နေမယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၀တ်ဆင်မည့် အသင်းအင်္ကျီတွေကိုရော မမြင်တွေ့ချင်ကြဘူးလား။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၀တ်ဆင်မည့် နိုင်ငံအသင်းတွေရဲ့ ၀တ်စုံတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ဂျာမနီ

Source: tsmsportz.com

ဂျာမနီအသင်းရဲ့ အင်္ကျီကတော့ မူလဒီဇိုင်းကို အနည်းငယ်ပြန်လည်ပြုပြင်ထားတာဖြစ်ပါတယ်။ ၀တ်စုံမှာပါဝင်တဲ့ ခဲရောင်အစင်းကြားလေးတွေက တော်တော်လေးကို လှပတာဖြစ်ပါတယ်။

(၂) Mexico

Source: cpdfootball.de

မက္ကဆီကိုရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဝတ်ရုံကိုတော့ Addidas ကထုတ်လုပ်တာဖြစ်ပါတယ်။ ၀တ်စုံအရောင်ကတော့ အစိမ်းရင့်ရောင်ဖြစ်ပြီး အစိမ်းဖျော့ရောင်လေးတွေနဲ့ စီခြယ်ထားပါသေးတယ်။ ပခုံးမှာတော့ အဖြူရောင်အစင်းကြားလေးတွေပါဝင်ပါတယ်။

(၃) စပိန်

Source: footyheadlines.com

အစဉ်အလာကြီးမားတဲ့ စပိန်အသင်းရဲ့ ၀တ်စုံကိုလည်း Addidas ကထုတ်လုပ်ပေးထားတာပါ။ အနီရောင်နဲ့ဖြစ်ပြီး ပခုံးနှစ်ဘက်နဲ့ ဘေးဖက်မှာမှာ ခရမ်းရောင်နဲ့ အ၀ါရောင်မျဉ်းကြားတွေကို ထည့်ပေးထားတာပါ။

(၄) အာဂျင်တီးနား

Source: coventrytelegraph.net

အာဂျင်တီးနားရဲ့ဒီဇိုင်းကတော့ သိပ်ပြောင်းလဲသွားခြင်း မရှိပါဘူး။

(၅) ရုရှား

Source: todosobrecamisetas.com

ရုရှားရဲ့ ၀တ်စုံကိုလည်း Addidas မှပဲထုတ်လုပ်ပေးထားတာပါ။ အဓိကအရောင်က အနီိရင့်ရောင်ဖြစ်ပြီး ကျော်ဖက်နဲ့ ရင်ဖက်မှာ အဖြူရောင် မျဉ်းတွေထည့်သွင်းထားပါတယ်။