ယခုဆိုရင်တော့ အမျိုးသားတွေတင်သာမက အမျိုးသမီးတွေကပါ ဘောလုံးကစားခြင်းကို နှစ်သက်လာကြပါပြီ။ အမျိုးသမီးဘောလုံးသမားအရေအတွက်လည်း များစွာပေါ်ထွက်လာတာဖြစ်ပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ကျင်းပလာကြပါပြီ။ ထိုကမ္ဘာ့ဖလားဟာလည်း အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲလိုပဲ ပြိုင်ဆိုင်မှုပြင်းထန်လှတာဖြစ်ပါတယ်။
Source: dailyhive.com
ကဲ့အမျိုးသမီးကမ္ဘာ့ဖလားအကြောင်း တစ်ချက်ခြေရာခံကြည့်ရအောင်။ ပြိုင်ပွဲကိုတော့ (၁၉၉၁) ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ အမျိုးသားပြိုင်ပွဲတွေလိုပဲ လေးနှစ်တစ်ကြိမ်ကျင်းပတာဖြစ်ပါတယ်။ အမျိုးသားအမျိုးသမီးတန်တူညီမျှမှုကို ဖော်ချွန်းတဲ့ ပြိုင်ပွဲတစ်ရပ်လည်းဖြစ်ပါတယ်။ နောက်ဆုံးကျင်းပခဲ့တဲ့ ခုနှစ်ကတော့ (၂၀၁၅) ခုနှစ်ပါ။ နောက်ထပ် ကမ္ဘာ့ဖလားကိုတော့ (၂၀၁၉) ရောက်မှ ရှုစားရတော့မှာပါ။ အမျိုးသားတွေနီးတူအမျိုးသမီးတွေထဲမှာလည်း ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတွေရှိပါတယ်။ ဂိုးသွင်းအများဆုံးတိုက်စစ်မှူးတွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
Source: sillyseason.com
စဉ် နာမည် နိုင်ငံ ဂီုး(ပင်နယ်တီ)
1. | Carli Lloyd | အမေရိကန် | 6 (2) |
2. | Célia Šašić | ဂျာမနီ | 6 (2) |
3. | Anja Mittag | ဂျာမနီ | 5 (0) |
4. | Ramona Bachmann | ဆွစ်ဇာလန် | 3 (1) |
5. | Marie-Laure Delie | ပြင်သစ် | 3 (0) |
6. | Gaëlle Enganamouit | ကင်မရွန်း | 3 (1) |
7. | Ada Hegerberg | နော်ဝေ | 3 (0) |
8. | Fabienne Humm | ဆွစ်ဇာလန် | 3 (0) |
9. | Eugénie Le Sommer | ပြင်သစ် | 3 (0) |
10. | Kyah Simon | သြစတီးလျ | 3 (0) |
11. | Fara Williams | အင်္ဂလန် | 3 (3) |
Source: sillyseason.com
အဆိုပါကစားသမားတွေကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ဂိုးသွင်းအများဆုံးတိုက်စစ်မှူးတွေဖြစ်ကြပါတယ်။