မကြာမီရက်ပိုင်းအတွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ကျနော်တို့ ရှုစားကြရတော့မှာဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ပွဲကြီးလည်းဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း နိုင်ငံချစ်စိတ်နဲ့ အကောင်းဆုံးယှဉ်ပြိုင်ကစားသွားကြမှာပါ။ (၂၀၁၈) ကမ္ဘာဖလားရဲ့ သိမှတ်ဖွယ်အချက်အလက်တွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပလာတာကတော့ (၂၁) ကြိမ်အထိရှိခဲ့ပါပြီ။ ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ ဇွန်လ (၁၄) ရက်မှ ဇူလိုင် (၁၅) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံကို ကမ္ဘာဖလားအိမ်ရှင်အဖြစ်ကျင်းပဖို့ကိုတော့ လွန်ခဲ့တဲ့ (၂၀၁၀) ခုနှစ် ဒီဇင်ဘာလက သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ မြို့ကြီးများစွာမှာ ပြိုင်ပွဲကို ခြိမ့်ခြိမ့်သဲကျင်းပသွားမှာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ကြီးမားကျယ်ဝန်းလှပါတယ်။ ဒါကြောင့် မတူညီတဲ့ဒေသတွေမှာ ယှဉ်ပြိုင်နေတဲ့ ဘောလုံးပြိုင်ပွဲတွေကိုတော့ ရုရှားဘောလုံးအဖွဲ့ချုပ်အနေနဲ့ အသေးစိတ်ဂရုစိုက်ကိုင်တွယ်သွားရမှာဖြစ်ပါတယ်။
ကမ္ဘာဖလားပြိုင်ပွဲကိုတော့ ကမ္ဘာအရပ်ရပ်မှ အသင်းပေါင်း (၃၂) သင်းယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ရုရှားအနေနဲ့တော့ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့်အတွက် ခြေစစ်ပွဲတွေကို ၀င်ရောက်မယှဉ်ပြိုင်ခဲ့ရပါဘူး။ အခြားသောအသင်းတွေအနေနဲ့တော့ ရုရှားမြေဆီသို့ရောက်ရှိရန်အတွက် အမျိုးမျိုးသော ခြေစစ်ပွဲတွေကိုကျော်ဖြတ်ခဲ့ရာတာ ဖြစ်ပါတယ်။
အိုက်လန်နိုင်ငံနဲ့ ပလာမားနိုင်ငံတွေကတော့ သူတို့ရဲ့ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကြီးပါ။ ကမ္ဘာဖလားပြိုင်ပွဲမှာတော့ ပွဲစဉ်ပေါင်း (၆၄) ပွဲအထိကျင်းပသွားမှာဖြစ်ပါတယ်။ ထိုပွဲစဉ်တွေကို မြို့ပေါင်း (၁၁) မြို့မှ အားကစားကွင်းပေါင်း (၁၂) ကွင်းမှာ အသီးသီးယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲစဉ်ကိုတော့ ဇူလိုင်လ (၁၅) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ကမ္ဘာဖလားကိုပိုင်ဆိုင်ရရှိတဲ့အသင်းကတော့ 2021 FIFA Confederations Cup ကိုတိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမှာပါ။
(၂၀၁၈) ကမ္ဘာဖလားပြိုင်ပွဲကြီးကတော့ တစ်ကမ္ဘာ့လုံးမှ ဘောလုံးချစ်သူတွေကို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အ၀ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ယုံကြည်မိပါတယ်။