Tomorrowland လိုပဲ Coachella Valley Festival ဟာလည်း နိုင်ငံတကာ Raver တွေကြားမှာ နာမည်ကြီးတဲ့ Festival တစ်ခုလို့ ပြောရရင် မမှားပါဘူး။ Coachella ရဲ့မွေးရပ်ဌာနေကတော့ Empire Polo Club အင်ဒီရို ကယ်လီဖိုးနီးယား အမေရိကားမှာပဲဖြစ်ပြီး ၁၉၉၉ ခုနှစ်လောက်က စတင်ကျင်းပခဲ့တာ ဒီနှစ်ထိတိုင်ပဲဖြစ်ပါတယ်။

Source: www.nme.com

မူလအစ ၁၉၉၉ မှ ၂၀၀၁ နှစ်များမှာတော့ ၂ရက်ကြာသာပြုလုပ်ခဲ့ပြီး ၂၀၁၂ မှစတင်ကာ ၂ပတ်ကြာကျင်းပခဲ့ခြင်းပဲဖြစ်ပါတယ်။ ဤ Coachella ကိုသွားရောက်မယ့်သူတိုင်းဟာ အပြိုင်အဆိုင်ဖက်ရှင်မျိုးစုံနဲ့ လန်းကြတဲ့ပွဲလို့လည်း ပြောလို့ရပါတယ်။

Source: www.nme.com

အခု ၂၀၁၈ အတွက် ကိုတော့ လာမယ့် ဧပြီလ ထဲမှာပဲနှစ်ပတ်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဧပြီ ၁၃ရက်မှ၁၅ရက်အထိရယ် နောက်တပတ် ၂၀ရက်နေ့မှ ၂၂ရက်နေ့ထိစည်စည်ကားကား ပြုလုပ်သွားမှာပါ။ ကြိုတင်လက်မှတ်တွေကိုတော့ Online ကနေ ဇန်နဝါရီ ၅ရက်နေ့လောက်တည်းက စရောင်းခဲ့တာပဲဖြစ်ပြီး ၁နာရီကြာအတွင်းမှာတွင် အံ့သြစရာကောင်းလောက်အောင် ရှိသမျှ Online tic တွေရောင်းထွက်သွားတော့တာပါပဲ။

Source: www.nme.com

မကြာမီလာတော့မယ့်၂၀၁၈ Coachella ရဲ့ Line up Artists တွေကတော့ ရှယ်ပါပဲ။ Head Liner အနေနဲ့ နာမည်ကြီးတွေ ဖြစ်တဲ့ Beyonce ၊ Eminem ၊The Weekend တို့အပြင် Indie နဲ့ Hip-Hop အဆိုတော်မြောက်မြားစွာနဲ့ Kygo၊ ODESZA တို့လို Trend ဖြစ်တဲ့ DJ တွေလည်းပါဝင်မှာဖြစ်ပါတယ်။ Coachella ဟာ Raver ရဲ့ Festival To-do-List မှာမဖြစ်မနေပါသင့်တယ်ထင်လို့ ဝေမျှပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

Source: www.nme.com