ကမ္ဘာ့ပေါ်က ဘီယံနာကြီးတွေဟာ ပိုက်ဆံချမ်းသာသလောက် ရိုရိုရှင်းရှင်းပဲနေထိုင်တတ်တာဖြစ်ပါတယ်။ အသုံးနဲ့ အဖြုန်းကိုလည်း ခွဲခြားတတ်ပြီး Minimalists ပုံစံသာနေထိုင်တတ်တာဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ကူးတွေနဲ့ ဘ၀နေထိုင်ပုံတွေက ကျနော်တို့အတွက် အားကျစရာဖြစ်စေခဲ့ပါတယ်။ သူတို့တွေကတော့
(၁) Jeff Bezos
Source: Medium
Amazon ပိုင်ရှင် Jeff Bezos ကတော့ ကမ္ဘာ့အချမ်းသာဆုံးနံပါတ်တစ်သူဋ္ဌေးကြီးတစ်ယောက်ဖြစ်ပါတယ်။ အွန်လိုင်းအင်တာနက် ယဉ်ကျေးမှုထွန်းကားလာမှုနဲ့အတူ Amazon ရဲ့ရောင်းအားကလည်း ဖြည်းဖြည်းချင်းတိုးတတ်လာခဲ့ပါတယ်။ သူဟာ အဆိုပါလုပ်ငန်းအပြင် အွန်လိုင်းစာအုပ်ရောင်းချခြင်းတွေနဲ့အတူ ခရီးသွားလုပ်ငန်းတွေကိုလည်းလုပ်ကိုင်တာဖြစ်ပါတယ်။ သူရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ (၁၁၂) ဘီလီယံလောက်ရှိပါတယ်။
(၂) Bill Gate
Source: Skip navigation
Bill Gate နဲ့ သူဇနီးပူးတွဲတည်ထောင်ထားတဲ့ Bill & Melinda Foundation ဟာ ကမ္ဘာ့အကြီးဆုံးလူသားအကျိုးပြုအဖွဲ့အစည်းကြီးဖြစ်ပါတယ်။ အဆိုပါဖောင်ဒေးရှင်းဟာ လူသားတွေရဲ့ကျန်းမာရေးကို အထောက်အကူပြုသည့် စီမံကိန်းများစွာကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ Bill Gate ရဲ့ Microsoft ကုမ္ပဏီဟာ ယခုအချိန်အထိ အောင်မြင်မှုတွေကို ယူဆောင်နေနိုင်စွမ်းဖြစ်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို သူရဲ့ ပိုင်ဆိုင်မှုကလည်း တဖြည်းဖြည်းတိုးတတ်ခဲ့ပါတယ်။ သူရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ (၉၀) ဘီလီယံလောက်ရှိပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံးသူဋ္ဌေးကြီးဖြစ်ပါတယ်။
(၃) Warren Buffet
Source: Fortuneသူဟာ အသက် (၁၀) နှစ်သားအရွယ်မှာတင် ရှယ်ယာကို စတင်ဝယ်ယူခဲ့ပါတယ်။ အသက် (၁၃) နှစ်မှာတော့ သူရဲ့ ရှယ်ယာတွေက အောင်မြင်ခဲ့ပါတယ်။ စာဖတ်ခြင်းကို ၀ါသနာထုံလှတဲ့သူဟာ ယခုအချိန်မှာ ကုမ္ပဏီပေါင်း (၆၀) လောက်ကို ပိုင်ဆိုင်တာလည်းဖြစ်ပါတယ်။ သူဟာ သူဆင်းရဲဘ၀မှ ထိပ်တန်းထိတတ်လာတဲ့သူ၊ Zero မှ Hero ဖြစ်လာတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာလည်း Bill Gate နီးတူ ပရဟိတလုပ်ငန်းတွေကို အားကြိးမာန်တတ်လုပ်နေတာဖြစ်ပါတယ်။
(၄) Mark Zuckerberg
Source: Boston Magazine
ကျနော်တို့ယခုလက်ရှိသုံးနေတဲ့ ဖေ့ဘွတ်ကိုတည်ထောင်သူ မာခ်ဇူကာဘက်ကတော့ ပဉ္စမမြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားဘ၀ကို စွန့်လွတ်ပြီး စီးပွားရေးလောကထဲ ၀င်ခဲ့တဲ့သူဟာ ယခုအချိန်မှာတော့ ဘီယံနာသူဋ္ဌေးကြီးတစ်ယောက်ဖြစ်နေပါပြီ။ သူဟာ ယခုအချိန်မှာ ဒေါ်လာ (၇၁) ဘီလီယံအထိချမ်းသာတာလည်းဖြစ်ပါတယ်။