အမျိုးသားတွေအတွက် လုပ်ငန်းခွင်နဲ့မိတ်ဆွေသူငယ်ချင်းက အရေးကြီးသလို မိသားစုနဲ့ပျော်ရွှင်ဖွယ်အိမ်လေးကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်းကြည်နူးဖွယ်ဘ၀တစ်ခုကို ထူထောင်နိုင်ဖို့အတွက် ဖခင်ဆိုတဲ့တာဝန်ဝတ္တရားက အဓိကကျတဲ့ကဏ္ဍတစ်ခုပဲဖြစ်ပါတယ်။
သားသမီးတွေရဲ့ အသည်းစွဲဖခင်

Source: First Five Nebraska
သားသား၊ မီးမီးတွေက ဖအေကိုမျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်ခင်နေတာမျိုးကို မလိုချင်ကြဘူးလား။ အလုပ်တွေဘယ်လောက်များများ သားသမီးတွေကိုအချိန်ပေးဖို့ လိုအပ်ပါတယ်။ သားသမီးတွေရဲ့ကိစ္စအ၀၀ကို စိတ်ဝင်စားပြီး နည်းလမ်းကောင်းတွေညွှန်ပြနိုင်တဲ့ ဖခင်မျိုးကို သားသမီးတွေကချစ်ခင်လေးစားကြမှာ အမှန်ပါပဲ။
သားသမီးတွေအပေါ်စိတ်ရှည်ပါ

Source: swissmom.ch
ညဘက်အိပ်ကောင်းချိန်တွေ ကလေးထငိုပြီဆိုရင် ဇနီးတစ်ယောက်ထဲရဲ့တာဝန်လို့ မယူဆလိုက်ပါနဲ့။ အချိန်အခါမရွေး ကလေးတွေအပေါ် စိတ်ရှည်သည်းခံနိုင်တဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ်နဲ့ ဂုဏ်ယူလိုက်ပါ။
သားသားမီးမီးတို့နဲ့ ခရီးတွေထွက်မယ်

Source: Melon Holidays
မိမိဇနီးကမအားလို့ဖြစ်စေ၊ မကျန်းမာလို့ဖြစ်စေ မလိုက်ပါနိုင်ခဲ့ချိန်မှာ သင်ကရင်သွေးလေးတွေနဲ့ တကိုယ်တော်ခရီးထွက်ဖို့ တွန့်ဆုတ်မနေလိုက်ပါနဲ့။ သားသမီးတွေကိုချီပိုးပြီး စတိုင်ကျကျလူတကာအားကျလောက်အောင် ခရီးတွေထွက်လိုက်ပါ။ သားသမီးတွေနဲ့ ကိုယ့်အတွက်အမှတ်တရတွေပဲပေါ့။