အဆိုတော် ရတနာမိုင်တစ်ယောက်ကတော့ သြဂုတ်လ ၂၄ရက်နေ့မှာ သူချစ်တဲ့ ပရိသတ်တွေအတွက် တေးသီချင်းတစ်ပုဒ်ကို အွန်လိုင်းပေါ် တင်ပေးခဲ့ပါတယ်။ တေးသီချင်းလေးနာမည်က အချစ်အိမ် လို့ အမည်ရပါတယ်။

Source: Yadanar My (ရတနာမိုင်)Page

ဒီအချစ်အိမ်ဆိုတဲ့ တေးသီချင်းကို ရေးသားသူကတော့ တေးရေး – မိုးထက် ပဲဖြစ်ပါတယ်။ မြူးမြူးကြွကြွတေးသီချင်းလေးဖြစ်ပြီး ချစ်သူကို အရမ်းချစ်တဲ့အကြောင်း ရေးဖွဲ့ထားတဲ့ တေးသီချင်းလေးပါ။အဆွေးသီချင်းလေးတွေ တင်တာများတဲ့အတွက် ခုလို သီချင်း မြူးမြူးလေးတင်ပေးလိုက်ရတာပါလို့ သူက ပြောပါတယ်

Source: Yadanar My (ရတနာမိုင်)Page

သြဂုတ်လ ၂၄ရက်နေ့မတိုင်ခင် ၂၃ရက်နေ့ကတော့ သူက သူ့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာ

“လွန်ခဲ့သော ၂ နှစ်ခန့်ကonline မှာမဖြန့် တော့ဘူး လို့ သိမ်းထားခဲ့တဲ့ အချစ်အိမ် သီချင်းလေးကို online မှာတင်ပါမယ် အဆွေးတွေများနေလို့ အမြူးလေးတပုဒ် ပေးချင်ပါတယ်” လို့ ဒီအချစ်အိမ်တေးသီချင်းနဲ့ ပတ်သက်ပြီး စတေးတပ်တင်ခဲ့ပါတယ်။

Source: Yadanar My (ရတနာမိုင်)Page

နောက်ရက်မှာတော့ ဒီတေးသီချင်းကို သူ့ပရိသတ်တွေအတွက် အွန်လိုင်းပေါ်တင်လိုက်တာဖြစ်ပါတယ်။ သြဂုတ်လ ၁၈ရက်နေ့ကတော့ အဆိုတော် ရတနာမိုင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။

Source: Yadanar My (ရတနာမိုင်)Page