Source: MMRingTone
ခု သြဂုတ်လရဲ့ ပထမပတ်အတွင်းမှာ တေးချစ်သူ ပရိသတ်တွေကို ဖမ်းစားထားတဲ့ တေးသီချင်းလေးတစ်ပုဒ်အကြောင်းပြောပြပေးချင်ပါတယ်။ ဒီတေးသီချင်းလေးရဲ့ အမည်ကတော့ နင်မရှိတဲ့ နောက် လို့ အမည်ရပါတယ်။
Source: Legacy Myanmar Music
ဒီသီချင်းလေးကို ရေးသားပုံဖော်ထားတဲ့သူကတော့ ရဲလေးဖြစ်ပြီး ဒီသီချင်းလေးကို သီဆိုထားတဲ့ သူတွေကတော့ ရဲလေး နဲ့ နင်ဇီမေ ပဲဖြစ်ပါတယ်။ စာသားလေးတွေကလည်း အဓိပ္ပါယ်ရှိပြီး နင်ဇီမေရဲ့ အသံပါဝါအားကောင်းမှုတွေကြောင့် တေးချစ်သူတွေရဲ့ ရင်ထဲကို နက်နက်ရှိုင်းရှိုင်း ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။
Source: JOOX Myanmar
အနားမှာ ရှိတဲ့ ချစ်သူကို တန်ဖိုးထားချစ်ပေးဖို့ သတိပေးလက်တို့လိုက်တဲ့ နင်မရှိတဲ့ နောက်ဆိုတဲ့ သီချင်းလေးကိုတော့ တေးချစ်သူတွေရဲ့ ဖုန်းလေးတွေထဲမှာ Playlist အဖြစ်ထားရှိပြီး နားဆင်ပေးဖို့ ပြောလိုက်ပြီနော်။ အချစ်တွေသည်းပြီး ချစ်နေဆဲသူကို သူမရှိတော့မှ ဆွေးမနေကြဖို့ နင်မရှိတဲ့ နောက် သီချင်းလေးကို ခံစားနားဆင်ကြည့်လိုက်ကြပါဦး။