ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲတွေကို သင်ကြည့်ဖူးပါသလား။ မြန်နှုန်းမြင့်နဲ့ ခွန်းအားကို အဓိကထားပြီး ကစားကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ဥပဒေပြင်ပလုပ်ရပ်တွေဟာ မကြာခဏဖြစ်တတ်ပါတယ်။ ထိုလိုအပြစ်တွေလုပ်တဲ့သူတိုင်းကိုလည်း ဒိုင်လူကြီးတွေက အ၀ါကဒ်၊ အနီကဒ် ပြဖို့ ၀န်မလေးကြပါဘူး။ ပရီးမီးယားလိဂ်မှာ အ၀ါကဒ်အများဆုံးရတဲ့ ကစားသမားနှစ်ယောက်ကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) Gareth Barry (အ၀ါကဒ် ၁၂၂ ကြိမ်)

Source: tsmsportz.com

သူဟာ ပရီးမီးယားလိဂ်အသင်းတော်တော်များများမှာ ကစားဖူးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အသင်းကြီးတွေထဲကဖြစ်တဲ့ မန်စီးတီးအသင်းမှာလည်း ကစားခဲ့ဖူးတာဖြစ်ပါတယ်။ အသင်းငယ်ဖြစ်တဲ့ အက်စတွန်ဗီလာမှာလည်း ကစားဖူးပါတယ်။ သူဟာ ပရီးမီးယားလိဂ်ပွဲစဉ်တော်တော်များများနဲ့ ဥရောပပွဲစဉ်တွေကို ကစားခဲ့ဖူးပါတယ်။ ယခုလက်ရှိမှာတော့ ၀က်စ်ဘရွန်းအသင်းမှာ ကစားနေတာဖြစ်ပါတယ်။ သူဟာ အ၀ါကဒ် ထိတာ (၁၂၂) ကြိမ်ရှိပြီပဲဖြစ်ပါတယ်။

(၂) Wayne Rooney (အ၀ါကဒ် ၁၀၁ ကြိမ်) 

Source: tsmsportz.com

အင်္ဂလန်သားတစ်ယောက်ဖြစ်တဲ့ သူဟာ မန်ယူအသင်းနဲ့ အဲဗာတန်အသင်းတို့မှာ ကစားခဲ့ဖူးတာဖြစ်ပြီး၊ ယခုလက်ရှိမှာတော့ အ၀ါကဒ် ၁၀၁ ကြိမ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရပ်ဝန်းမှာ ၁၀ နှစ်ကျော်ကစားခဲ့တာဖြစ်ပြီး အသင်းအနိုင်ရအောင် အမြဲလိုလို ပေးဆပ်တတ်တဲ့ သရဲနီခေါင်းဆောင်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာအခုအချိန်မှာ အဲဗာတန်အသင်းမှာ ကစားနေတာဖြစ်ပါတယ်။