ဘ၀မှာရှင်သန်နေထိုင်ကြတဲ့အခါ ကိုယ့်စိတ်နဲ့အဆင်မပြေတဲ့ အပြုအမူတွေ၊ ကိစ္စကြီးငယ်တွေ အများကြီးတွေ့ကြုံရနိုင်ပါတယ်။ ကိုယ်မနှစ်သက်တဲ့အပြုအမူမျိုး၊ ကိုယ်သဘောမကျတဲ့စကားမျိုးတွေကို သူများအပေါ် မပြောဆို၊ မပြုမူမိအောင် သတိပြုနေထိုင်သင့်ပါတယ်။ ဒါမှလောကကြီးက သာယာလှပနိုင်မှာဖြစ်ပါတယ်။

အတင်းအဖျင်းစကားတွေ

Source: associationsnow.com

ကိုယ့်မကောင်းကြောင်းတွေကို ကိုယ့်နောက်ကွယ်မှာပြောဆိုနေပြီဆို သဘောကျနိုင်ပါ့မလား။ လူတိုင်း အမှားတွေ၊ အပြစ်တွေမကင်းနိုင်ကြဘူးလေ။ ဒီတော့သူများမကောင်းကြောင်းတွေကိုလည်း သူများနောက်ကွယ်မှာ မပြောမိပါစေနဲ့။

ကုန်းတိုက်စကားတွေ

Source: TripSavvy

ကိုယ်နဲ့သူငယ်ချင်းတွေကြားထဲမှာဖြစ်စေ၊ ချစ်သူ(သို့)အထက်လူကြီးနဲ့ကြားထဲမှာဖြစ်စေ၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပျက်ပြားအောင်၊ အချစ်ပေါ့အောင် တစ်စုံတစ်ယောက်က ခလောက်ဆန်ပြောဆိုလာပြီဆို သင်နှစ်မြို့နိုင်ပါ့မလား။ အဲ့အတွက် တခြားသူတွေ ရဲ့ကြားထဲမှာလည်း အထင်အမြင်လွဲမှားအောင် ကုန်းတိုက်တဲ့စကားမျိုးတွေကို မပြောမိအောင် ရှောင်ကျဉ်သင့်ပါတယ်။

ကြမ်းတမ်းတဲ့အပြုအမူတွေ

Source: bdcwire.com

ကိုယ့်ပတ်ဝန်းကျင်က လူတစ်ယောက်ယောက်ရဲ့ ကြမ်းတမ်းတဲ့အပြုအမူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါသလား။ ဥပမာ စားပွဲ၊ ကုလားထိုင်တွေကို ဆူညံအောင်ကြမ်းကြမ်းတမ်းတမ်းရွှေ့တာမျိုး၊ တံခါးတွေကိုဆောင့်ပိတ်တာမျိုးတွေပေါ့။ တခါတရံမှာ သတိမမူဘဲ ကိုယ်ကိုတိုင်လည်း ကြမ်းတမ်းတဲ့အပြုအမူတွေကို ပြုလုပ်မိတတ်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုကိုယ် အမြဲသတိပြုနေထိုင်သင့်ပါတယ်။