စာဖတ်သူဟာ အသက် (၂၅) နှစ်ပြည့်တော့မယ့်သူတစ်ယောက် ဒါမှမဟုတ် အသက် (၂၅) နှစ်ကိုကျော်လွန်ပြီးသူတစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးကိုမဖြစ်မနေဆက်ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။အသက် (၂၅) နှစ်ဆိုတာ လူငယ်တစ်ယောက်ရဲ့ အသက်အရွှယ်အပိုင်းခြားတစ်ခုလို့ သတ်မှတ်ထားကြပေမယ့် အရမ်းလူငယ်ဆန်ဆန်နေလို့မရတော့ပါဘူး။ဘဝအတွက်ထည့်စဉ်းစားရမယ့်အရွှယ်ဖြစ်ပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့ အသက် (၂၅) နှစ်ကိုကျော်လွန်လာပြီဆိုတာနဲ့ အခုပြောပြမဟ့်အရာတွေအားလုံးစွန့်လွှတ်သင့်ပြီပဲ ဖြစ်ပါတယ်။

(၁) မိဘဆီကလက်ဖြန့်တောင်းခြင်း

Source : slate.com

ငယ်ရွှယ်စဉ်အချိန်မှာ မိဘတွေဆီကနေ မုန့်ဖိုးလက်ဖြန့်တောင်းတာကအဆင်ပြေပေမယ့် အသက်(၂၅) နှစ်ကိုရောက်လာပြီဆိုရင်တော့ မိဘဆီကလက်ဖြန့်တောင်းနေရမယ့်အရွှယ်မဟုတ်တော့ပါဘူး။ပြောချင်တဲ့အဓိကအချက်က ကိုယ်ပိုင်ဝင်ငွေတစ်ခု ရအောင်ကြိုးစားဖို့အချိန်ရောက်ပြီလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အသက်(၂၅)နှစ်ကျော်လာပြီဆိုတာနဲ့ လုပ်ငန်းခွင်တစ်ခုခုမှာဝင်ရောက်ပြီး ရှေ့ရေးအတွက်သေချာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုရှိအောင်ကြိုးစားသင့်ပြီဖြစ်ပါတယ်။

(၂) အဆင်မပြေတဲ့အချစ်ရေးမှာနစ်မွန်းနေခြင်း

Source : Business Insider

လူတိုင်းအချစ်နဲ့ မကင်းကြဘူးဆိုတာလက်ခံပါတယ်။ဒါပေမယ့် အသက်(၂၅) နှစ်ကိုကျော်လာပြီဆိုတာနဲ့ ဘဝအတွက်ကြိုးစားရမယ့်အချိန်တစ်ခုရောက်ရှိလာပြီဖြစ်တာကြောင့် ကိုယ့်အတွက်ဘယလိုမှအဆင်မပြေတဲ့ အချစ်ရေးတစ်ခုမှာ နစ်မွန်းနေပြီး အချိန်တွေဖြုန်းမနေသင့်တော့ပါဘူး။ဖြစ်နိုင်ရင်ကိုယ်နဲ့ လုံးဝအဆင်မပြေတဲ့အချစ်ရေးတစ်ခုကို ရပ်တန့်သင့်ရင်ရပ်တန့်ဖိုလိုလာပြီဖြစ်ပါတယ်။အဆင်ပြေနိုးနဲ့ ဆက်လက်ပြီးဒီအချစ်ရေးမှာနစ်မွန်းနေရင် အားလုံးထက်နောက်ကျကျန်နေဖို့များပါတယ်။

(၃) ကျန်းမာရေးကိုမေ့လျော့ထားခြင်း

Source : psychologicalscience.org

လူတစ်ယောက်မှာကျန်းမာရေးကဘယ်လောက်အထိအရေးပါတယ်ထင်ပါသလဲ။အဖြေကတော့ တော်တော်လေးကိုအရေးပါတယ်လို့ပြောရမှာဖြစ်ပါတယ်။ကျန်းမာမှာစိတ်သွားတိုင်းကိုယ်ပါပြီး လုပ်ချင်တဲ့အလုပ်တွေ ဖြစ်ချင်တဲ့ဆန္ဒတွေကို ပြည့်ဝအောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်သင့်ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အရေးကြီးတ့ စားသောက်နေထိုင်မှု ပုံစံတွေကိုအသက်(၂၅) နှစ်နောက်ပိုင်းအလေးထားဖို့လိုလာပြီဖြစ်ပါတယ်။

(၄) အပျော်အပါးမက်ခြင်း

Source : Chic’s Limo

ယောကျာ်းလေးတွေအနေနဲ့ အသောက်အစားအပျော်အပါးနဲ့ မကင်းတာ သဘာဝပါ။တစ်ခါလေတစ်လေ ဘော်ဒါတွေနဲ့ သောက်မယ်စားမယ်ပျော်မယ်ပါးမယ်ဆိုတာ လက်ခံလို့ရပေမယ့် အမြဲလိုလိုဘဝတိုးတက်ရာတိုးတက်ကြောင်းလုပ်ဆောင်ဖို့ မရှိဘဲ အသောက်အစားကိစ္စတွေနဲ့သာ ကျင်လည်နေမယ်ဆိုရင်တော့ ကိုယ်ရည်မှန်းထားတဲ့ ဘဝအောင်မြင်မှုပန်းတိုင်ကလည်း ကိုယ်နဲ့အလှမ်းဝေးနေအုန်းမှာဖြစ်ပါတယ်။