လူတိုင်းမှာ ရည်မှန်းချက်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရည်မှန်းချက်ကို တခုတ်တရ အကောင်အထည်ဖော်တဲ့သူတွေက ရှိတော့ရှိတယ်။ ရှားတယ်လို့ ပြောရမလိုပါပဲ။ ကိုယ့်ရဲ့ ရည်မှန်းချက်အတိုင်း တစိုက်မတ်မတ် အကောင်အထည်ဖော်တဲ့သူတွေက ဘဝမှာ အောင်မြင်ပျော်ရွှင်နေကြတဲ့သူတွေပါပဲ။
Source: CFS Health
ဆန္ဒရှိရုံနဲ့ မပြီးမြောက်ပါဘူး။
Source: Search Engine Land
လူတိုင်းမှာ ဆန္ဒကိုယ်စီ ရှိကြပါတယ်။ ဒါပေမယ့်လည်း ဆန္ဒရှိရုံနဲ့တော့ ဘာမှ ဖြစ်မြောက်မှာ မဟုတ်ပါဘူး။ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့ကလည်း လိုအပ်ပါတယ်။ ဆန္ဒတွေကို ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ချင်တဲ့စိတ် နဲ့ ကြိုးပမ်းအားထုတ်မှု လုံ့လကလည်း လိုအပ်ပါသေးတယ်။
စိတ်ပိုင်းဖြတ်မှုတွေကသာ အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်မှာပါ။
Source: Minute School
ဆန္ဒရှိရုံနဲ့ ဘယ်အရာကိုမှ အောင်မြင်အောင် မဆောင်ရွက်နိုင်ပါဘူး။ တိကျတဲ့ ရည်မှန်းချက် ၊ တိကျတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ကြိုးစားပါမှ အောင်မြင်မှုဆီကို ရောက်မှာပါ။ ဆန္ဒရှိရုံနဲ့ အောင်မြင်မှုမရနိုင်ပါဘူး။ ရည်မှန်းချက်ရှိမှသာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။
စိတ်ကူးယဉ်နေရုံနဲ့ ဘဝက တိုးတက်အောင်မြင်မှာ မဟုတ်ပါဘူး။
Source: Timesofisrael.com
ဆန္ဒရှိတယ် ဖြစ်ချင်တယ်ဆိုတာ တကယ်တော့ စိတ်ကူးယဉ်တာပါ။ စိတ်ကူးယဉ်နေရုံသက်သက်နဲ့တော့ ဘာမှ ဖြစ်မလာပါဘူး။ စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်မှ ဘဝက တိုးတက်အောင်မြင်ပြီး နေပျော်မှာပါ။ ဒီတော့ စိတ်ကူးယဉ်ပါ။ ယဉ်ထားတဲ့ စိတ်ကူးတွေကို ဖြစ်အောင် ပုံဖော်ပါလို့ပဲ ပြောချင်ပါတယ်။