အသက် ၃၀ ကျော်ပြီဆိုတာနဲ့ယောကျ်ား၊ မိန်းမ ဘယ်သူမဆို ရုပ်အကျဘက် ရောက်တတ်ပါတယ်။ တကယ်က ထိန်းသိမ်းတတ်မယ်ဆိုရင် ရုပ်ရည်ပျက်ယွင်းမှုနှေးပြီး အရွယ်တင်ပါတယ်။

ဒါကြောင့်ပဲ လူလတ်ပိုင်း မကူးခင်ကတည်းက ဆေးလိပ် ၊ အရက်နဲ့ကွမ်းယာလိုမျိုး ရုပ်အဆင်း ထိခိုက်စေတဲ့ အစားအသောက်တွေ ရှောင်ပေးဖို့လိုပါတယ်။ နောက်ထပ် အရေးကြီးတာက ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ ဖြစ်ပါတယ်။

Source: paulaschoice

Gym ကစားထားပြီး Body Building တည်ဆောက်ထားတဲ့သူဟာ အရွယ်ပိုတင်ပြီး သွက်လက်ဖျတ်လတ်မှူလည်း ပိုပါတယ်။ ဒါကြောင့် Workout ကစားဖို့အချိန်တစ်ခုပေးထားပြီး ပုံမှန်ကစားဖို့Diet စားပြီး အဆီအဆိမ့်ရှောင်တာမျိုး လုပ်ဖို့တိုက်တွန်းချင်ပါတယ်။

နောက်တစ်ခုက အဝတ်အစားပါ။ အဝတ်အစားကြောင့် ရုပ်ရည်ဟာ အများကြီး ပြောင်းပါတယ်။ အသက်ရလာချိန်မှာလည်း ကိုယ့်ရဲ့ ဖက်ရှင်ကို ထိန်းဖို့နဲ့ခေတ်မီမီ ဝတ်စားဆင်ယင်တတ်ဖို့လည်း မမေ့သင့်ပါဘူး။ အဝတ်အစားကို အရွယ်နဲ့လိုက်အောင် ဝတ်ရမှာ ဖြစ်ပေမယ့် အဘိုးကြီးတစ်ယောက်လို ဝတ်စရာတော့ မလိုပါဘူး။

Source: Pixabay

အသားအရေထိန်းသိမ်းမှုလည်း ပုံမှန်လုပ်ပေးသင့်ပြီး ဖြစ်နိုင်ရင် ကိုယ့်ဘာသာ အိမ်တွင်းမှာတင် Self-care လုပ်ပြီး ထိန်းသင့်ပါတယ်။ ယောကျ်ားတစ်ယောက်အနေနဲ့သိပ်မပြင်သင့်ပေမယ့် လိုအပ်သလောက်တော့ ထိန်းသိမ်းမှူလုပ်ပေးရမှာပါ။

အသက်ရလာတာနဲ့အငန် ၊ အချိုနဲ့အအီအဆိမ့်တွေ လွန်လွန်ကဲကဲ စားတာမျိုး ရှောင်သင့်ပါတယ်။ ဆေးလိပ် ၊ အရက်နဲ့မူးယစ်ဆေးဝါးတွေကလည်း ရုပ်ကို ရင့်ထော်စေလို့မသောက်မစားတာ အကောင်းဆုံးပါပဲ။ ညဘက်တွေမှာ အိပ်ရေးဝဝ အိပ် ၊ ယောဂလို အသက်ရှုလေ့ကျင့်ခန်းတွေလုပ်ပြီး ရုပ်နဲ့စိတ်ကို အနားပေးတတ်ဖို့လည်း လိုပါတယ်။